စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခန္တီးခရိုင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၂၃ ရက်၊ နံနက်ပိုင်းတွင် ခန္တီးမြို့နေပြည်သူများ သောက်သုံးရေဖူလုံပြည့်ဝစွာရရှိစေရန်အတွက် ခန္တီးမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ ဇီးဖြူကုန်းရပ် ကွက်ရှိ ချင်းတွင်းမြစ်မှ 590 watt Solar ၊ 60 Nos Array 2 စုံ၊ 15 Hp Pump (1)Set ဆိုလာရေတင်စနစ်ဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းသို့ ရောက်ရှိရာ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ အမှုဆောင်ရာရှိမှ ဆိုလာရေတင်စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ နှင့် မြို့နေပြည်သူများအား သောက်သုံးရေဖြန့်ဝေပေးနေမှု အခြေအနေများအား ရှင်းလင်း တင်ပြ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက ချင်းတွင်းမြစ်မှ ဆိုလာရေတင် စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် မြို့နေပြည်သူများအား သောက်သုံး ရေဖြန့်ဝေပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ရေတင်စက်ရုံနှင့် ဆို လာများတပ်ဆင်ထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့၊ နယ်စပ်ဒေ သတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးမှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်း သား၊ကျောင်းသူများ ပညာသင်ကြားရေးလုပ်ငန်းများနှင့် အုပ်ချုပ်မှု၊စီမံမှုဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြ သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြပြီး သင်တန်းသား၊သင်တန်းသူအိပ်ဆောင်များ၊ ထမင်းစားဆောင် များနှင့် စားဖိုဆောင်တို့အား လိုက်လံကြည့်ရှုကာ ကျောင်းဝန်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ကျောင်းသူများ စားဝတ်နေရေး သက်သာချောင်ချီရေးတို့အတွက် သန့်ရှင်းလက်ဆက်သည့် စားဖိုဆောင်သီးနှံ စိုက်ခင်းများ စိုက်ပျိုးသွားရေးတို့အား တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
