မုံရွာမြို့၊ ဖေဖော်ဝါရီ ၂၆

(၂၆-၂-၂၀၂၄)ရက်နေ့နံနက်(၀၉၀၀)အချိန်၌ စစ်ကိုင်းတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ(၂)တွင် ကျင်းပပြုလုပ်သော အမှုထမ်းဝန်ထမ်းများလုပ်ငန်းခွင်ဝင်သင်းတန်း အမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တိုင်းအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား/သူများ၊ စုစုပေါင်း (၄၁)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၆-၂-၂၀၂၄)ရက်နေ့မှ (၈-၃-၂၀၂၄)ရက်နေ့အထိ ရက်သတ္တ(၂)ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

20240228 01

20240228 01