မုံရွာ၊ ဧပြီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ဧပြီလ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားသည်။ယင်းနောက် တိုင်းဒေသကြီး စီမံကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လယ်ယာကဏ္ဍကြီးစီမံကိန်းတာဝန်အား တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများကိုယ်စား တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးထံ တိုင်းဒေ သကြီး၏ ဒေသန္တရစီမံကိန်းတာဝန်အား လည်းကောင်း၊ စက်မှုကဏ္ဍကြီးစီမံကိန်း တာဝန်အား တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများကိုယ်စား မြန်မာ့သစ်လုပ်ငန်း တိုင်းဒေသကြီးဦးစီးမှူးထံ တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းတာဝန်အား လည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီး စီမံကိန်း တာဝန်အား တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများကိုယ်စား မြန်မာ့စီးပွားရေးဘဏ် တိုင်းဒေသ ကြီး ဘဏ်မန်နေဂျာထံ တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းတာဝန်အား လည်းကောင်း၊ ဒေသဖွံ့ ဖြိုးရေးကဏ္ဍကြီးစီမံကိန်းတာဝန် အားတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများကိုယ်စား တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးထံ တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်း တာဝန်အားလည်းကောင်း၊ သက်ဆိုင်ရာခရိုင်များ၏ ဒေသန္တရစီမံကိန်းတာဝန်များအား ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများကိုယ်စား မုံရွာခရိုင်စီမံအုပ်ချုပ်ရေးမှူးထံအား လည်းကောင်း အသီး သီးပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။




