မုံရွာ၊ မေ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲမှုစစ်ဌာချုပ်(ကလေး)ဒေသကွပ်ကဲရေးမှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မေလ ၁၄ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ကလေးခရိုင်၊ ကလေးမြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်း အဝေးခန်းမ၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်း အနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စားရေရိက္ခာပေါများရေးအတွက် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများကို အလေးအနက်ထား ဆောင်ရွက်ရန်လိုအပ်မှု အခြေအနေများ၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စိုက် ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်ချက်များအား ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကလေးခရိုင် စိုက်ပျိုးရေးဦးစီးမှူးက ခရိုင်/မြို့နယ်များအတွင်း သီးနှံများ စိုက်ပျိုးထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက် တင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည်းဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးမြို့နယ် စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ပန်းခင်းစီမံချက် (၃) အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားသည်။

ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးဆန်းအောင်က ပန်းခင်းစီမံချက် (၃) အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများက ကလေးမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့်ကျေးရွာများမှ ဒေသခံပြည်သူများထံ နိုင်ငံသားစီစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းများ အသီးသီးပေးအပ်ခဲ့ကြပြီး အခမ်း အနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါခန်းမ အတွင်း ကလေးမြို့နေပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက် (၃) အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုများနှင့် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝ ဆိုင်ရာအချက်အလက် (Biometrric) ကောက်ယူနေမှုများအား ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်အတွင်းရှိ နေအိမ်များ၌ သန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူနေမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20240516 11

20240516 11

20240516 11

20240516 11

20240516 11

20240516 11

20240516 11

20240516 11

20240516 11

20240516 11