မုံရွာ၊ ဇွန် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ ဒေသကွပ်ကဲမှုစစ်ဌာချုပ်(ကလေး)ဒေသကွပ်ကဲရေးမှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇွန်လ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် ကလေးခရိုင်၊ ကလေးမြို့၊ အမှတ် (၁၀) တပ်မတော်တန်းမြင့်လေ့ကျင့် ရေးကျောင်းခန်းမတွင် ကျင်းပသော ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၃/၂၀၂၄) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ အမှတ်(၁၀) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်က အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နှုတ်ဆက်စကားပြောကြား ကာ ကျောင်းအုပ်ကြီးထံ ငွေကျပ်သိန်း ၃၀ အားလည်းကောင်း၊ သင်တန်းသားများကိုယ်စား သင် တန်းသားတစ်ဦးထံ ထောက်ပံ့ငွေကျပ် တစ်ဦးလျှင်တစ်သိန်းနှုန်းဖြင့် ငွေကျပ်စုစုပေါင်း သိန်း- ၁၁၉ သိန်းတို့အားပေးအပ်ခဲ့ပြီး သင်တန်းသားများအားရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်စကား ပြောကြားကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်(၁၀) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းဝန်းအတွင်းရှိ သင်တန်းသားအိပ်ဆောင်များနှင့် ရေချိုးကန်များ အားလိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စားရိပ်သာဆောင် တွင်သင်တန်းသားများနှင့် အတူတကွ နံနက်စာသုံးဆောင်ခဲ့ကြပြီး သင်တန်းသားများအား ရင်း ရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။







