မုံရွာ၊ သြဂုတ် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာတက္ကသိုလ်ကျောင်းဝန်းအတွင်းရှိ ဆုတောင်းပြည့်စေတီ တော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာ အခမ်းအနားကို သြဂုတ်လ ၁ ရက်၊ နံနက် ပိုင်းက အဆိုပါကျောင်းဝန်းအတွင်းရှိ စေတီတော်ကြီး ပရဝုဏ်အတွင်းကျင်းပရာ အခမ်းအနား သို့ပင့်သံဃာဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသ ကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများနှင့်အလှူရှင်များ တက် ရောက်ကြသည်။
ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ကြ ပြီး ဆရာတော်၊သံဃာတော်အရှင်သူမြတ်များက ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ကြသည်။
ယင်းနောက် မုံရွာမြို့၊ အုတ်ကန်တောရပရိယတ္တိစာသင်တိုက်၊ ပဓာနနာယက အဂ္ဂမဟာ ပဏ္ဍိတ၊ ဘဒ္ဒန္တမာနိက ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည်ပရိသတ်များ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ဆက်လက်ပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များမှ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့် တော်မူသည့် ပရိတ်တရားတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက နာယူကြည်ညိုကြသည်။
ဆက်လက်၍ ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်း ဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက လှူဖွယ် ပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက်၊ ပဓာနနာယက ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာဝံသ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည်ပ ရိသတ်များက အနုမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံ တိဌတု”သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနား ကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာတက္ကသိုလ် ကျောင်းဝန်းအတွင်းရှိ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး၊ ကျောင်း သား/သူများ စိတ်အေးချမ်းသာစွာဖြင့် ဖူးမျှော်နိုင်ရေးအတွက် ရင်ပြင်တော်ပတ်ဝန်းကျင် သန့်ရှင် သပ်ရပ်ရေးတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာတက္ကသိုလ် ဥပဒေ ပညာဌာနရှိ စာကြည့်တိုက်နှင့် မုံရွာပညာ့ရိပ်သာအိမ်ရာဝန်းအတွင်းရှိ လူနေအိမ် အဆောက်အဦ များနှင့် Gym အခန်းတို့အား လိုက်လံကြည့်ရှုစ်စစ်ဆေးပြီး မြန်မာစာဌာနရှိ ကျောင်းသား/သူ များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနေမှုများအား ကြည့်ရှု အားပေးပြီ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာတက္ကသိုလ်ရှိ အစည်းအဝေးခန်းမတွင် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှုးများ၊ ဆရာ/ဆရာမများနှင့် တွေ့ဆုံရာ မုံရွာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်က ဘာသာရပ်အလိုက် သင်ကြားရေးလုပ်ငန်း အခြေအနေများဆောင်ရွက်နေမှုနှင့် ကျောင်း၏လိုအပ်ချက်များအား ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးရုံးမှ နိုင်-၄ တိုက်ဆိုင်စစ် ဆေးနေမှုများအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။







