မုံရွာ၊ သြဂုတ် ၂၃

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဝါနှင့်နေကြာ စိုက်ဧကပြည့်မီ ရေးအတွက် ဝါမျိုးစေ့နှင့်နေကြာမျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားကို သြဂုတ်လ ၂၃ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်သလ္လာ ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေ သကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံတောင်သူများနှင့် စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်း(အလုံ)မှ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး၏ စိုက် ပျိုးစွမ်းအားမြှင့်တင်နိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိရာ သီးနှံ စိုက်ပျိုးရာသီအလိုက် လျာထားဧကပြည့်မီစွာ စိုက်ပျိုးနိုင်ရေးသည် အခြေခံကျသည့် အဓိကလုပ်ငန်းတစ်ခုဖြစ်ခြင်းကြောင့် ယခုမိုးရာသီတွင် ပန်းတိုင်အထွက်နှုန်းရရှိရေးတို့ အတွက် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွား ကြ ရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် ဆီထွက်သီး နှံ၊ပဲမျိုးစုံနှင့်အခြားသီးနှံများ ပန်းတိုင်ရည်မှန်းချက်အား ပြည့်မီအောင်စိုက်ပျိုးနိုင် မည်ဆို ပါက တိုင်းဒေသကြီး၏ ဆန်၊ ဆီ၊ ပဲဖူလုံမှုများ ပိုမိုတိုးတက်လာနိုင်မှာဖြစ်သကဲ့သို့ ဝါသီး နှံနှင့် ဆက်စပ်လျှက်ရှိသည့် စက်မှုလက်မှုလုပ်ငန်းများ၏ အခြေခံကုန်ကြမ်း လိုအပ်ချက် များ တိုးတက်ဖြည့်ဆည်းနိုင်ရေးအတွက် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့် မား ရေးကိုလည်း အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များမှ စစ်ကိုင်းတိုင်းဒေ သကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဝါနှင့်နေကြာ စိုက်ဧက ပြည့်မီရေးအတွက် မိမိတို့ဌာနများအလိုက် ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ပတ် သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တိုင်းဒေသ ကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဝါနှင့်နေကြာ စိုက်ဧကပြည့်မီရေးအတွက် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်တင်ပြ ဆွေးနွေးပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် တောင်သူများမှ စိုက်ပျိုးရေးလုပ် ငန်းများနှင့် ပတ်သက်၍ သိရှိလိုသည်များအားမေးမြန်းကြရာ တာဝန်ရှိသူများက ပြန် လည်ရှင်းလင်း ဖြေကြားကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသခံတောင်သူနှစ်ဦးထံ ချည်မျှင်ရှည် ဝါမျိုးစေ့နှင့် နေကြာမျိုးစေ့များအား ထောက်ပံ့ပေးအပ်ပြီး တိုင်းဒေသကြီး တရားသူကြီး ချုပ်က ဒေသခံတောင်သူတစ်ဦးထံ ချည်မျှင်ရှည်ဝါမျိုးစေ့များအား ထောက်ပံ့ပေးအပ်ကြ ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက မုံရွာမြို့နယ်အတွင်းရှိကျေးရွာများမှ ဒေသခံ တောင်သူများထံ ချည်မျှင်ရှည်ဝါမျိုးစေ့နှင့် နေကြာမျိုးစေ့များအား အသီးသီး ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနား သို့တက်ရောက်လာကြသည့် ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါရုံးဝန်း အတွင်း တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ ပြသထားသော မျိုးစေ့ချကိရိယာ များနှင့် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ဒေသခံတောင်သူများ အား စိုက်ပျိုးရေးဆိုင်ရာ Online စနစ်ဖြင့်လေ့လာနိုင်ရေး နည်းပညာပေးစင်တာအတွင်း Mobile Phone ဖြင့် အသုံးပြုပုံများအား ရှင်းလင်းပြသနေမှုများအား လိုက်လံကြည့်ရှုခဲ့ ကြပြီး ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

20240826 07

20240826 07

20240826 07

20240826 07

20240826 07

20240826 07