မုံရွာ၊ စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဉက္ကဌများနှင့်အတူ စက်တင်ဘာလ ၂၆ ရက်၊ နံနက်ပိုင်းက မုံရွာမြို့နှင့် အနီးဝန်းကျင်ရှိ ဒေသခံပြည်သူများ ငါးစားသုံးမှုဖူလုံစေရန်နှင့် မြစ်ချောင်းများအတွင်း ငါးသားပေါက်များ စိုက်ထည့်ပေးနိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ အသေးစားငါးသားဖောက် စခန်းသို့ ရောက်ရှိကြ သည်။

ဦးစွာ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ငါးသားဖောက် စခန်းတာဝန်ရှိသူများမှ အောင်ချမ်းသာရပ်ကွက်ရှိ အသေးစားငါးသားဖောက်စခန်း၌ ငါး သားဖောက်လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ၊ ကန် ၁၆ ကန်အတွင်း ငါး သားပေါက်များမွေးမြူထားရှိမှု အခြေအနေများနှင့် ငါးသားပေါက်များအား စနစ်တကျ အစာကျွေးမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ငါးသားဖောက်လုပ်ငန်းများအား စနစ် တကျဖြင့် ရှင်သန်ကြီးထွားအောင်မြင်အောင် အလေးထားဆောင် ရွက်ရေး၊ ငါးသားဖောက်စခန်းမှ ထွက်ရှိလာသည့် ငါးသားပေါက်များအား တစ်ပိုင် တစ်နိုင်မွေးမြူလိုသည့် ငါးမွေးတောင်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူး ရောင်းချရေး၊ ငါးကန်ပတ်ဝန်းကျင်များအား သန့်ရှင်းသပ်ရပ်အောင် အမြဲဂရုပြု ဆောင်ရွက်သွားရေးနှင့် ဒေသအတွင်းငါးရိက္ခာဖူလုံစေရေးကို အထောက်အကူပြုနိုင် သည်အထိ အောင်မြင်အောင်မွေးမြူကြရန် မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများ နှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငါးသားဖောက် စခန်းအတွင်းရှိ ငါးသားပေါက်များမွေးမြူထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး နောက်လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ ရောက်ရှိရာ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံစဥ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အောက်တိုဘာ လ ၁ ရက်နေ့မှစတင်၍ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့ နယ်/ရပ်ကွက်/ကျေးရွာများတွင် ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်း ခေါင်စာရင်း ကောက်ယူသွားမည့်လုပ်ငန်းများအား အလေးထားကာ အောင်မြင်အောင် ဆောင်ရွက်သွားရေးတို့အား မှာကြားပြီးနောက်ရုံးဝန်းအတွင်း ဝန်ထမ်းများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် တစ်ပိုင်တစ်နိုင် စားဖိုဆောင်သီးနှံ စိုက်ခင်းများ စိုက်ပျိုးထားမှုနှင့် ဘဲများမွေးမြူထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ် ဆေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသ ကြီးမီးသတ်ဦးစီးဌာနရုံးသို့ ရောက်ရှိရာ သဘာဝဘေးနှင့်မီး လောင်မှုများဖြစ်ပွားလာပါက အရေးပေါ်ခေတ်မီ မီးငြိမ်းသတ်ရေး မော်တော်ယာဉ်များ၊ ကူညီကယ်ဆယ်ရေးမော်တော် ယာဉ်များ၊ မီးငြိမ်းသတ်ရေးဝတ်စုံများနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူဖြည့်တင်းထားကာ သဘာဝဘေးအတွက် အသင်ပြင်ဆင်ထားမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး တပ်ဖွဲ့ဝင်များအား သဘာဝဘေးများဖြစ်ပွားလာပါက အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်နိုင်ရန်အတွက် တပ်ဖွဲ့ဝင်များ အနေဖြင့် အမြဲအသင့်သတိရှိစွာဖြင့် တာဝန်ထမ်းဆောင် သွားကြရန်တို့အား မှာကြားပြီး နောက် မီးသတ် ရုံးဝန်းအတွင်း စားဖို ဆောင်သီးနှံစိုက်ခင်း ဆောင်ရွက်ထားမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသ ကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးသို့ ရောက်ရှိပြီး သဘာဝဘေးများဖြစ် ပေါ်လာပါက အသင့်သိုလှောင်ထားရှိသည့် ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုး သိုလှောင်ထား ရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနရုံး ဝန်ထမ်းအိမ်ရာအတွင်း ဝန်ထမ်းများသက်သာချောင်ချိရေး အတွက် စားဖိုဆောင်သီးနှံများ စိုက်ပျိုးထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ ကြောင်းသိရသည်။

20240927 01

20240927 01

20240927 01

20240927 01

20240927 01

20240927 01