မုံရွာ၊ အောက်တိုဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုး ထားသည့်သီးနှံများအား ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုများထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၅ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်ဇေယျာခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ တက်ရာက်ကြသည်။

ဦးစွာ စစ်ကိုင်းခရိုင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက စစ်ကိုင်း ခရိုင်အတွင်းရှိ မြို့နယ်များ၌ အမှန်တကယ်စိုက်ပျိုးလုပ်ကိုင်နေသည့် လယ်ယာမြေများ အသုံးချစိုက်ပျိုးနေမှုများအား လည်းကောင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ကစစ်ကိုင်းခရိုင်အတွင်း ရာသီအလိုက် စိုက်ပျိုးသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိ ရေး လုပ်ငန်းများဆောင်ရွက်နေမှုများအား လည်းကောင်း၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက ငါးစားသုံးမှုဖူလုံစေရန်အတွက် ငါးမွေးမြူထားရှိမှု အခြေအနေများအား လည်းကောင်း၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက အသားနှင့်ဥ မွေးမြူထုတ်လုပ်နေမှု အခြေအနေများအား လည်းကောင်း၊ ခရိုင်ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ခရိုင်ဦးစီးမှူးက မြစ်ရေတင်လုပ်ငန်း များမှ စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများအား လည်းကောင်း၊ ခရိုင်ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက စစ်ကိုင်းခရိုင်အတွင်းရှိ ဆည် တမံများမှ စိုက်ပျိုးရေဖြန့်ဝေပေးနေမှုများနှင့် စိုက်ပျိုးရေ အခွန်များရရှိရေးတို့အား လည်းကောင်း ရှင်းလင်းပြောကြားကြသည်။

ယင်းနောက် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌက စစ်ကိုင်းခရိုင်အတွင်း စိုက်ပျိုးထားသည့်သီးနှံများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ တိုင်းဒေသကြီး စိုက် ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက စစ်ကိုင်းခရိုင်အတွင်း၌ စိုက်ပျိုးသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တောင်သူများလိုက်နာဆောင်ရွက်ရမည့် လုပ်ငန်း များအား ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။

ထို့်နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီးအတွင်း စိုက်ပျိုး လျက်ရှိသည့် စပါး၊ဆီထွက်သီးနှံနှင့်ဝါသီးနှံစသည့် သီးနှံမျိုးစုံစိုက်ဧကများ လျာထား ချက်ပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအား စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များနှင့် ဒေသခံတောင်သူများမှ အလေးထားကာ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း၊ ရာသီအလိုက်စိုက်ပျိုးသမျှသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် တိုင်းဒေ သကြီး၏ သီးထပ်သီးညှပ်စိုက်စွမ်းအား မြှင့်တင်ရေးအတွက် ဌာနဆိုင်ရာများနှင့် တာဝန် ရှိသူများမှ မြေပြင်အထိကွင်းဆင်း၍ အနီးကပ်ကြီးကြပ်မှုများ ဆောင်ရွက်သွားကြရန်နှင့် ပညာပေးကွင်းသရုပ်ပြပွဲများ မကြာခဏ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြော ကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက စစ်ကိုင်းမြို့နယ်အတွင်းရှိ ဒေသခံတာင်သူများ စိုက်ပျိုးထားသည့်သီးနှံများအား ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် ကျေးရွာ ၆ ရွာရှိ ဒေသခံတောင်သူ ၃၅၀ ဦးအတွက် ကျေးရွာ ကိုယ်စားလှယ်များထံ သွင်းအားစုများအား ထောက်ပံ့ပေးအပ်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားများပြော ကြားပြီး တာဝန်ရှိသူများနှင့်အတူ ဒေသခံတောင်သူများအား နံနက်စာများဝေငှပေးခဲ့ကြ ပြီးစားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအား ပေးခဲ့ကြောင်းသိရသည်။

20241028 01

20241028 01

20241028 01

20241028 01

20241028 01

20241028 01