မုံရွာ နိုဝင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ် ၊( ၂၀၂၄ ခုနှစ်) တန်ဆောင်တိုင် မီးပုံးပျံလွှတ်ပူဇော်ပွဲနှင့် စတုဒီသာဧည့်ခံကျွေးမွေးပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကန်သာယာ ပြည်ထောင်စုကျွန်းရင်ပြင်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော် နှင့်ဇနီး၊ ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် တိုင်းဒေသကြီး ခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မီးပုံးပျံကွင်းအတွင်း ဖျော်ဖြေနေမှုများ ၊ စတုဒီသာမဏ္ဍပ်များအား လိုက်လံကြည့်ရှု့အားပေးကာ အသီးသီးနေရာယူ ခဲ့ကြပြီးနောက် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲအခမ်းအနားကို ကျင်းပရာ မီးပုံးပျံလွှတ်တော်ပူဇော်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များကသတ်မှတ် အစီအစဉ်အတိုင်း ပထမအကြိမ် အမြင့် ၁၂ ပေရှိ အလှ မီးပုံးပျံအကြီး အလုံး ၄၀၊ ဒုတိယအကြိမ် အမြင့် ၁၂ ပေရှိ အလှ မီးပုံးပျံအကြီး အလုံး ၄၀ကိုလည်း‌ကောင်း ၊ ဆက်လက်ပြီး တစ်ကြိမ်လျှင် မီးပုံးပျံအသေး အလုံး ၅၀ စီဖြင့် စုစုပေါင်း၆ ကြိမ် မီး ပုံး ပျံ အလုံး‌ ရေ ၃၀၀ ကိုလည်းကောင်း လွှတ်တင်ပူဇော်ခဲ့ကြရာ ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသည့် ဧည့်သည်တော်များက ပျော်ရွှင်စွာ ကြည့်ရှုအားပေးခဲ့‌ကြသည်။

အဆိုပါမီးပုံးပျံလွှတ်ပူဇော်ပွဲသို့ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ တို့မှ စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပြီး တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီးဌာနက ရှမ်းရိုးရာအကတို့ဖြင့်လည်းကောင်း၊ မုံရွာမြို့ပေါ်ရှိ အနုပညာရှင်များက ဦးရွှေရိုးအက၊ တစ်ပင်တိုင်အက ၊ ပဒေသာအက တို့ဖြင့်လည်းကောင်း ၊မုံရွာမြို့ မိုးဇော် ဆင်အကအဖွဲ့မှ ဆင်အကတို့ဖြင့်လည်းကောင်း ဧည့်ခံဖျော်ဖြေခဲ့ကြ ကြောင်းသိရှိရပြီး အခမ်းအနားသို့ ဧည့်ပရိသတ် စုစုပေါင်း ၅၀၀၀ ကျော် ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြကြောင်းသိရှိရပါသည်။

202411185 01

202411185 01

202411185 01

202411185 01

202411185 01

202411185 01

202411185 01

202411185 01

202411185 01

202411185 01

202411185 01

202411185 01

202411185 01

202411185 01

202411185 01

202411185 01

202411185 01

202411185 01