မုံရွာ၊ ဖေဖော်ဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များရှိ ဆရာ တော်/သံဃာတော်များ စိတ်နှလုံးအေးချမ်းစွာ ကျန်းမာစွာဖြင့် တရားဘာဝနာများ ပွားများ နိုင်စေရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဖွယ်ပစ္စည်းများ၊ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် ဆေးဝါးများဆက်ကပ်လှူဒါန်းခြင်းကို ဖေဖော်ဝါရီလ ၁၃ ရက်၊နံနက် ပိုင်းတွင် မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်ရှိ ဓမ္မပါရဂူပါဠိတက္ကသိုလ်ကျောင်းတိုက်ကြီးတွင် ကျင်းပပြုလုပ်ရာ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့ ပြည် သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်/သူနာပြုများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ဆရာတော်ကြီးများထံမှ သြဝါဒကထာအား နာယူကြည်ညိုပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင် ရာများ လျှောက်ထားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့်ဇနီးများက ပင့်သံဃာဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်းများ၊ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး နှင့်ဆေးဝါးများအား ဆက်ကပ်လှူဒါန်းကြပြီး ဓမ္မပါရဂူပါဠိတက္က သိုလ်ကျောင်းတိုက်ကြီး၏ တိုက်အုပ်ဆရာတော်ကြီးအား ဆီးချို၊သွေးချိုရောဂါများစစ် ဆေးပေးကာ ကုသရေးလုပ်ငန်းများအား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ဘု ရားကြီးရပ်ကွက်ရှိ သာစံကျောင်းတိုက်ကြီးသို့ ရောက်ရှိရာ ဆရာတော်ကြီးများထံမှ သြဝါဒကထာအား နာယူကြည်ညိုပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင် ရာများ လျှောက်ထားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့်ဇနီးများက ပင့်သံဃာဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်းများ၊ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် ဆေးဝါးများအား ဆက်ကပ်လှူဒါန်းကြပြီး သာစံကျောင်းတိုက် ကြီးဆရာတော်ကြီး ဦးဆောင်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်း ကြီးမြို့နယ်၊ မိုးကြိုးပြင်ကျေးရွာ၊ ရွှေဘုံသာကျောင်းတိုက်အတွင်း အသစ်ပြန်လည်မွမ်းမံ တည်ထားကိုးကွယ်မည့် ဉာဏ်တော် ၈၁ ပေရှိ အောင်မင်္ဂလာမိုးကောင်းစေတီတော် အတွက် ဆရာတော်ကြီးထံ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဘိလပ်မြေ ၂၀၀ အိတ်နှင့် အလှူငွေကျပ် – သိန်း ၅၀ အား ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ သာစံကျောင်းတိုက်ဆရာတော်ကြီးအား ဆီးချို၊သွေးချိုရောဂါများစစ် ဆေးပေးနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ဖူးမျှော်ကြည့်ရှုခဲ့ကြပြီး ကုသရေးလုပ်ငန်းများအား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ ဆုတောင်းပြည့်စေတီတော်ကြီးဝန်းအတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ရန်အောင်မြင်စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းပြန်လည်ကပ်လှူပူဇော်ပြီးစီးမှုနှင့် စေတီတော်အားပြုပြင် မွန်းမံနေမှုများအား သွားရောက်ကြည့်ရှု ဖူးမျှော်ကြည်ညိုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20250214 29

20250214 29

20250214 29

>

20250214 29