မုံရွာ၊ ဖေဖော်ဝါရီ ၂၃
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ကန့်ဘလူမြို့သို့ရောက်ရှိနေကြသည့် ကန့်ဘလူ ခရိုင်၊ကောလင်းခရိုင်နှင့် ရေဦးခရိုင်အတွင်းမှ နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုး သားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၂၃ ရက်၊ မွန်းလွဲပိုင်းတွင် ကန့်ဘလူခရိုင် စုပေါင်းရုံးရှိ ရွှေဆည်မြိုင်ခန်းမတွင် ကျင်းပပြုလုပ်ရာ
အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နေရပ်စွန့်ခွာပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်မှ ကန့်ဘလူခရိုင်၊ ကောလင်းခရိုင် နှင့်ရေဦးခရိုင်အတွင်းမှ နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေချီးမြှင့်ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌနှင့် အဖွဲ့ဝင်များက အကြမ်းဖက်ဖြစ်စဉ်များကြောင့် ကန့်ဘလူမြို့သို့ရောက်ရှိနေကြသည့် ကန့်ဘလူခရိုင်၊ ကောလင်းခရိုင်နှင့်ရေဦးခရိုင်အတွင်းမှ နေရပ်စွန့်ခွာပြည်သူ ၃၉၁၂ ဦး အား တစ်ဦးလျှင် ၂၀၀၀၀ ကျပ်နှုန်း ဖြင့်တစ်လစာ ထောက်ပံ့ချီးမြှင့်ငွေကျပ် – ၇၈၂၄၀၀၀၀ (သိန်းခုနှစ်ရာ ရှစ်ဆယ်နှစ်သိန်း လေးသောင်းကျပ်)အား အသီးသီး ပေးအပ် ကြသည်။
ယင်းနောက် ကန်ဘလူခရိုင်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများကိုယ်စား ပြည်သူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက် စကားများပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့ရှိ မဟာရွှေစည်ကြီးကျောင်းတိုက်သို့ ရောက်ရှိရာ ဆရာတော်ကြီးများထံ သာသနာရေးဆိုင် ရာများလျှောက်ထားကာ တာဝန်ရှိသူများနှင့်အတူ ဝတ္ထုငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။




