မုံရွာ၊ မတ် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အားကစား နှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၅-ခုနှစ်၊ နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၇ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည် သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်မိဘများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လူငယ်လူရွယ်များစာရိတ္တနှင့် စိတ်ဓါတ်ကြံ့ခိုင်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် အားကစားသမား လူတော်လူကောင်းများ ပေါ်ထွက်လာစေရေး၊ လူငယ်များအားကစားနည်းအလိုက် နည်းစနစ်များ၊ ဥပဒေများ ကျွမ်းကျင်လိုက်နာမှုရှိစေရေး၊ ကျောင်းသားလူငယ်များ နွေရာသီအားလပ်ရက်ကာလများ တွင်အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်ရန်ဆိုသည့် ရည်ရွယ်ချက်(၃)ရပ်ဖြင့် အားကစား နည်း(၁၃)မျိုးအား ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ပါကြောင်း၊ သင်တန်းသား၊သင်တန်း သူများအနေဖြင့် ယခုသင်တန်းမှသင် ကြားပို့ချချက်များအား ကြိုးစားသင်ယူလေ့ကျင့်ပြီး ရပ်ကွက်၊ကျေးရွာ၊မြို့နယ်အဆင့်မှနေပြီး နိုင်ငံတော်မှအားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားမောင်မယ်များ အဆင့်အထိရောက်ရှိအောင် ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝနှ်ရှိသူများသည် သင်တန်းသား/ သင်တန်းသူများ၏ မြန်မာ့သိုင်း၊ ကရာတေး၊ ဘောလုံး၊ တင်းနစ်၊ Fitness Dance တို့ဖြင့် သရုပ်ပြသမှုများအား ကြည့်ရှုအားပေးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သရုပ်ပြသဖျော် ဖြေသွားကြသည့် သင်တန်းသား၊သင်တန်းသူများနှင့် သင်တန်းနည်းပြများအား ဂုဏ်ပြု ချီးမြှင့်ငွေများနှင့် သင်ထောက်ကူအားကစားပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ နွေရာသီ အခြေခံအားကစားသင်တန်းတွင် ဘောလုံး၊ Fitness Dance/ အေရိုးဗစ်၊ ၊ ဖူဆယ်၊ ကရာတေး၊ စားပွဲတင်တင်းနစ်၊ ဘတ်စကက်ဘော၊ တင်းနစ်၊ ပိုက် ကျော်ခြင်း၊ ရိုးရာခြင်းလုံး၊ မြန်မာ့သိုင်း၊ ဘော်လီဘော၊ ကြက်တောင်၊ ဗိုဗီနမ်၊ အားကစား (၁၃)မျိုး၌ သင်တန်း သား၊သင်တန်းသူ ၇၄၄ ဦးတက်ရောက်ကြပြီး သင်တန်းကာလ ၁ လ ကြာဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ် ကြောင်း သိရသည်။

20250317 60

20250317 60

20250317 60

20250317 60

20250317 60