မုံရွာ၊ ဩဂုတ် ၁

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ဩဂုတ်လ ၁ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ခုတင်(၅၀)ဆံ့၊ တိုင်းရင်းဆေးရုံတွင် မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှဒေသခံပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆေးကုသမှုများခံယူနိုင်စေရန် အတွက် ခြင်များပေါက်ဖွားနိုင်သည့် သစ်ပင်ခြုံနွယ်များ၊ ပလပ်စတစ်အမှိုက်များနှင့် လျှပ် စစ်မီးကြိုးများနှင့်မလွတ်ကင်းသည့် သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းမှုများအား မုံရွာမြို့ ပေါ်ရှိ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် တိုင်းရင်းဆေးရုံဝန်ထမ်းများမှ စုပေါင်း၍ သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာ ဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါဆေးရုံ အတွင်းရှိ အမျိုးသား/အမျိုးသမီး ဆေးကုသရေးအဆောင်များ၊ လူနာစမ်းသပ်ခန်းများနှင့် ဆေးသိုလှောင်ခန်းများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါဆေးရုံ ခန်းမ၌ ဆေးရုံအုပ်ကြီး၊ ဆရာဝန်များ၊ သူနာပြုများ၊ ဆေးရုံဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံရာ ဆေးရုံအုပ်ကြီးက ဆေးရုံ၏ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကုသရေးလုပ်ငန်းများ နှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးကြီးသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီးက ဆေးရုံ၏ စီမံ/အုပ်ချုပ်ရေး လုပ်ငန်းများနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးကာ ဆရာဝန်/သူနာပြုများအနေဖြင့် လူနာများအပေါ် ကုသရေးလုပ် ငန်းများဆောင်ရွက်ရာတွင် နွေးထွေးပြူဌာစွာဖြင့် ပြုစုစောင့်ရှောက်ကုသပေးသွားကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဆိုပါဘဆေးရုံ ကြီးရှိ ဖျားနာဆောင်၊ အရိုးအကြောဆောင်၊ ခွဲစိတ်ခန်း၊ အထူးကြပ်မတ်ကုသအဆောင်နှင့် ဓါတ်မှန်အဆောင်၊ မျက်စီခွဲစိတ်အဆောင်၊ ကွန်ပျူတာဓါတ်မှန်အဆောင်များအား လိုက် လံကြည့်ရှုခဲ့ကြပြီး ကုသရေးအဆောင်များနှင့် ခွဲစိတ်များအား အမြဲသန့်ရှင်းသပ်ရပ်မှုရှိစေ ရေးတို့အား တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ခုတင်(၂၀၀)ဆံ့ အမျိုးသမီးသားဖွားမီးယပ်နှင့်ကလေးဆေးရုံကြီးသို့ ရောက်ရှိရာ ဆေးရုံ အုပ်ကြီးက သတ်မှတ်ဆေးကုသရေးအဆောင်များတွင် လူနာများအား ကုသရေးလုပ်ငန်းများဆောင်ရွက်ပေးနေများ အခြေအနေများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။