မုံရွာ၊ ဩဂုတ် ၁၉

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ၏(၁/၂၀၂၆)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဩဂုတ်လ ၁၉ ရက်၊ နံနက်ပိုင်း တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်း အဝေးသို့ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့ နယ်များ၌ ယာဉ်အန္တရာယ်၊လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များအားလုံးအနေဖြင့် ယာဉ် မောင်းပြည်သူများ အသက်အန္တရာယ်ကင်းရှင်း စေရေး သိရှိလိုက်နာရမည့် စည်းကမ်း၊နည်းဥပဒေများနှင့် အသိပညာပေးလုပ်ငန်းများအား မြေပြင်အထိကွင်းဆင်းကာ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း၊ လူစည်ကားရာ နေရာများဖြစ်သည့် ဈေးအနီးပတ်ဝန်း ကျင်နှင့် ကျောင်းများအနီး မော်တော်ယာဉ်များ စနစ်တကျရပ်နားရေး၊ ဈေးဆိုင်ခန်းများရှေ့ကားလမ်းမပေါ် ယာဉ်ရပ် နားမှုမရှိစေရေးတို့အား စည်းကမ်းတကျ စီမံဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ယာဉ်တိုက်မှုလျော့ပါးရေးအတွက် လမ်းအချက်ပြမီးများ၊ ဆိုင်းဘုတ်များနှင့် ယာဉ်ရပ်နားရန်နေရာများအား ပြည်သူအများ သိရှိနားလည်အောင် အသိ ပညာပေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ရှင်းစေရေးအတွက် ယာဉ်မောင်းပြည်သူများအား ယာဉ် မောင်းလိုင်စင်များ စနစ် တကျ စီစစ်ကြပ်မတ် ဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ မြို့တွင်း၊မြို့ပြင်လမ်း များကောင်းမွန်စေရေးနှင့် မော်တော်ယာဉ်များအားလုံး အချက်ပြမီးများ တပ်ဆင်မောင်းနှင်စေရေးတို့အတွက် ကော်မတီအဖွဲ့ဝင်များအားလုံးမှ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများအား ပြည်သူများအမှန် တကယ်အကျိုးရှိ သိရှိနားလည်အောင် ကျယ်ကျယ်ပြန့်ပြန့် အလေးထား ပူးပေါင်းဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသ ကြီးဦးစီးမှူးနှင့် တွဲဖက်အတွင်းရေးမှူး ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးတို့က တိုင်းဒေသကြီး အတွင်းရှိ ခရိုင်/မြို့နယ်များ၌ ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ အခြေအနေများအား Power Point ဖြင့် ရှင်းလင်း တင်ပြကြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ယာဉ်အန္တ ရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် မိမိတို့ဌာနများအလိုက် စီမံဆောင်ရွက်သွား မည့် လုပ်ငန်းအခြေအေနများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက် လာကြသူ များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ကျောက္ကာလမ်းနှင့်ပြည်ထောင်စုလမ်းမီးပွိုင့်လမ်းဆုံ၌ ဖြတ်သန်းသွားလာ နေကြည့်ပြည်သူများအား အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်း၍ ယာဉ်အန္တရာယ်၊လမ်း အန္တရာယ်ကင်းရှင်းစေရန်အတွက် လက်ကမ်းစာစောင်များ ဖြန့်ဝေနေမှုများအား ကြည့်ရှု အားပေးခဲ့ကြပြီး အသိပညာပေးလုပ်ငန်းများအား မြို့ပေါ်ရှိဈေးများ၊ ကျောင်းများ၊ လမ်းဆုံ များနှင့် လူစည်ကားသည့်နေရာများတွင် ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။