မုံရွာ၊ ဩဂုတ် ၂၀

ကျန်းမာရေးဝန်ကြီးဌာနမှ သွားနှင့်ခံတွင်း ပါမောက္ခ/အထူးကုဆရာ ဝန်ကြီးများ၏ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား အထူးကုကွင်းဆင်း ခွဲစိတ်ကုသမှုနှင့် သက်ကြီးဘိုးဘွားများအား အံကပ်တပ်ဆင်ပေးမှု အစီအစဉ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ခရိုင်/မြို့နယ်၊ ရပ်ကွက်/ကျေးရွာများမှ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးလူနာများနှင့် သက်ကြီးဘိုးဘွားများအား အံကပ်တပ်ဆင် ကုသဆောင်ရွက်ပေးမှု များအား မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ ဩဂုတ်လ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ အခမဲ့ စမ်းသပ်ခွဲစိတ် ကုသပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးဝန်ကြီးဌာနမှ သွားနှင့်ခံတွင်း ပါမောက္ခ/အထူးကုဆရာဝန်ကြီး များ၏ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား အထူးကုကွင်းဆင်း ခွဲစိတ်ကု သမှုနှင့် သက်ကြီးဘိုးဘွားများအား အံကပ်တပ်ဆင်ပေးမှု အစီအစဉ်အဖြစ် ဆောင်ရွက်ရာ သို့ ဩဂုတ်လ ၂၀ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များမှ သွားရောက်ကြည့်ရှုအားပေးကြ သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက သက်ကြီးဘိုးဘွား (၃၃)ဦးအား အံကပ်များတပ်ဆင်ပေးကြပြီး အဟာရဖြည့်စွက်စာများပေးအပ်ကာ အားပေး စကားများ ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါဆေးရုံ ကြီးရှိ အကြော၊အဆစ်ပြန်လည်သန်စွမ်းရေးဆေးကုဌာန၌ တိုင်းဒေသကြီးအတွင်းရှိ ခရိုင် /မြို့နယ်၊ ရပ်ကွက်/ကျေးရွာများမှ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးလူနာ (၃၁) ဦးအား အဟာရဖြည့်စွက်စာများနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ထောက်ပံ့ငွေများအား လိုက်လံပေးအပ်ခဲ့ကြပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ အား ပေးစကားများ ပြောကြားခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကုတင် ၅၀၀ ဆံ့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးရှိ အစည်းအဝေးခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာ နမှ သွားနှင့်ခံတွင်း ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ သွားတုကျွမ်းကျင်ပညာရှင်များ နှင့်ရင်းရင်းနှီးနှီးတွေ့ဆုံရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျေးဇူးတင်စကား ပြောကြား သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျန်းမာရေးဝန်ကြီးဌာနမှ သွားနှင့်ခံ တွင်း ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ သွားတုကျွမ်းကျင်ပညာရှင်များအား အမှတ်တ ရလက်ဆောင်ပစ္စည်များ ပေးအပ်ခဲ့ကြောင်း သိရသည်။