မုံရွာ၊ မေ ၂၈

၂၀၂၅ ရက် မတ်လ ၂၈ ရက်နေ့တွင် အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှု ၂ လ ပြည့်အဖြစ် ဆုတောင်းမေတ္တာပို့သ၍ အမျှ အတမ်းပေးဝေခြင်း အခမ်းအနားကို မေလ ၂၈ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးရှိ သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ် ကွက်နေပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့် လှစ်ကြပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ စစ်ကိုင်းမြို့၊ သောတ ပန်ရပ်ကွက်၊ ခေမာသီဝံကျောင်းတိုက် ဘဒ္ဒန္တပညာသီရိ ဆရာတော်ကြီးထံမှ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆေက်တည်ကြသည်။

ယင်းနောက် ဆရာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များရွတ်ပွားသရစ္စျာယ် ချီးမြှင့်တော်မူကြပြီး ဆရာတော်ကြီးများနှင့် ပင့်သံဃာဆရာတော်များ ထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(အဖွဲ့ဝင်) စစ်ကိုင်းမြို့၊ ရွှေဘုန်းပွင့်ကျောင်း တိုက်၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တပဏ္ဍဝံသ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိတ်သတ်များက အနုမောဒနာတရား နာယူကြည်ညိုကာ ရေစက်သွန်းချအမျှပေးဝေကြပြီး “အနိစ္စဝတ သင်္ခါရ” အစချီသော သံဝေဂဂါထာအား ရွတ် ဆို၍ အနားအခမ်းကို ရုပ်သိမ်းခဲ့ကြသည်။

ထို့နောက် ပင့်သံဃာဆရာတော်ကြီးများအား အဆိုပါစေတီတော်ကြီးရှိ ဂေါပက အဖွဲ့ရုံးခန်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက မုန့်နှင့်အချိုပွဲများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

20250529 08

20250529 08