မုံရွာ၊ ဩဂုတ် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေပြီး သန့်ရှင်းသာယာလှပကာ မြို့နေပြည်သူများ အားလပ်အချိန်များတွင် စိတ်အပန်းဖြေစေရန် နှင့် ကျန်းမာရေးလှုပ်ရှားမှုများ ဆောင်ရွက်နိုင်စေရန်အတွက် ဩဂုတ်လ ၂၂ ရက်၊ နံနက် ပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ကန်သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးက ကန်သာ ယာကန် သန့်ရှင်းသာယာလှပရေး လုပ်ငန်း များဆောင်ရွက်နေမှု အခြေ အနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး မြို့နေပြည်သူ များ စိတ်အပန်းဖြေစေနိုင်ရန်နှင့် ကျန်းမာရေးလှုပ်ရှားမှုဆောင်ရွက်နိုင်စေရေန်အတွက် ကန်ပတ်ဝန်းကျင်အား အမြဲသန့်ရှင်းသာယာလှပအောင် ဆောင်ရွက်သွားရေး၊ အရိပ်ရသစ် ပင်များ၊ အလှပန်းပင်များ ရှင်သန်အောင်စိုက်ပျိုးသွားရေး၊ ကန်ပတ်လည်ရှိ စတီးလက်ရမ်း များ၊ လူသွားလျှောက်လမ်းများ၊ ထိုင်ခုံများ၊ အားကစားပစ္စည်းများနှင့် မီးတိုင်များ ပျက်စီး မှုမရှိအောင် စနစ်တကျထိန်းသိမ်းသွားရေးနှင့် ကန်အတွင်းအမှိုက်များစွန့်ပစ်မှုမရှိအောင် တာဝန်ရှိများမှ အလေး ထားကာ ဆောင်ရွက်သွားရေးတို့အား မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကန် သာယာကန် ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် အရိပ်ရ/အလှပျိုးပင်များ ပျိုးထောင်ထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အစိုးရ နည်းပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းဥပတိရုပ်ကောင်းမွန်စေရေးနှင့် ကျောင်းသား၊ကျောင်းသူများ ကျန်းမာသန်စွမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းဝန်းအတွင်းရှိ ခြင်များပေါက်ဖွားနိုင်သည့်နေရာများ၊ သစ်ပင်ခြုံနွယ်များ၊ ပလပ် စတစ်အမှိုက်များအား မုံရွာမြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများမှ စုပေါင်း၍ သန့် ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများ နှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။