မုံရွာ၊ ဇွန် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၅)ကို ဇွန်လ ၁၆ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကော်မတီအဖွဲ့ဝင်များအနေဖြင့် တိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ် ငန်းများဖွံ့ဖြိုးတိုးတက်လာရန်အတွက် မရှိမဖြစ်လိုအပ်သည့် အသေးစား၊ အငယ်စား စီးပွားရေး MSMEs လုပ်ငန်းများနှင့် စွန့်ဦးတီထွင်သူ Startups များအား ပံ့ပိုးကူညီပေး သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှပ်နှံမှုလုပ်ငန်းအသစ်များ အားဖိတ်ခေါ်ခြင်းနှင့်အတူ တာဝန်သိမှု၊ တာဝန်ခံမှု၊ အရည်အသွေးရှိသည့် ရင်းနှီးမြှပ်နှံမှု များမြှင့်တင်ခြင်းမှ မျှတပြီးကြွယ်ဝသည့် လူမှုအသိုက်အဝန်းတစ်ရပ် ဖန်တီးသွားရန်နှင့် ဟန်ချက်ညီမျှသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရရှိလာစေရန် အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ခွင့်ပြုပြီးမြေယာများအား အမှန်တကယ် မြေ ပြင်တွင် လုပ်ငန်းများလုပ်ကိုင်ခြင်းရှိမရှိ ကော်မတီအဖွဲ့ဝင်များမှ မြေပြင်အထိ ကွင်းဆင်း ကြီးကြပ် စီစစ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆင့်ဆင့်သန်းက ယခင်အစည်း အဝေးဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၅-ခုနှစ်၊ မေလအတွင်း စိစစ်ကြပ်မတ်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအခြေအနေများနှင့် Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြား သည်။
ထို့နောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


