မုံရွာ၊ ဇွန် ၂၈
၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်အဖြေလွှာများ စစ်ဆေးမည့် ဆရာ/ဆရာမများအား ဂုဏ်ပြုပွဲ အခမ်းအနားကို ဇွန်လ ၂၈ ရက်၊ နံနက်ပိုင်းတွင် မုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ မုံရွာတက္ကသိုလ် ပါမောက္ခချုပ်၊ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဆရာ/ ဆရာမများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက္ကသိုလ်ဝင်အဖြေလွှာ စစ်ဆေးမည့် ဆရာ /ဆရာမများအား ကြိုဆိုဂုဏ်ပြုပွဲသည် နိုင်ငံတော်နှင့် မိမိတို့တိုင်းဒေသကြီး အတွက် နယ်ပယ်အသီးသီးတွင် လိုအပ်နေသည့် ပညာတတ်လူ့စွမ်းအား အရင်းအမြစ် များရရှိလာအောင် တိကျမှန်ကန်စွာ စစ်ဆေးအမှတ်ပေးမည့် တာဝန်ရှိသူများအား ဂုဏ် ပြုရတဲ့ပွဲဖြစ်သည့်အတွက် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့်ပွဲဖြစ်ပါကြောင်း၊ စာမေးပွဲဖြေဆိုထားသည့် ကျောင်းသား/ကျောင်းသူများသည် ဘဝတစ်ဆစ်ချိုးနှင့် ဘဝ၏ အလှည့်ပြောင်းဖြစ်မည်ကို ခံစားနာလည်သည့်အတွက် စာမေးပွဲပြန်လည်ဖြေဆိုရန် ရရှိ သည့်အချိန်တိုအတွင်း အပြင်းအထန် ကြိုးစားအားထုတ် လေ့လာကျက်မှတ်ခဲ့ကြပါ ကြောင်းနှင့် အကောင်းဆုံးရလဒ်များ ရရှိမည်ကိုလည်း ယုံကြည့်မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်အဖြေ လွှာများစစ်ဆေးမည့် ဆရာ/ဆရာမများအတွက် ဂုဏ်ပြုချီးမြှင့်ငေွကျပ် သိန်း- ၅၀ အား ပေးအပ်ချီးမြှင့်ပြီး ဆရာ/ဆရာမများကိုလ်စား ဆရာမကြီးတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြ သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါခန်းမ အတွင်း တက္ကသိုလ်ဝင်အဖြေလွှာများစစ်ဆေးမည့် ဆရာ/ဆရာမများအား နေ့လည်စာ ဖြင့် ဧည့်ခံကျေးမွေးနေမှုများအား လိုက်လံကြည့်ရှုကာ လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။





