မုံရွာ၊ ဩဂုတ် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာစီးပွားရေးတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာ သင်နှစ်၊ စတုတ္ထနှစ် ကျောင်းသား၊ကျောင်းသူများ အလုပ်အကိုင်အခွင့် အလမ်း ရရှိစေရန်အတွက် Job-Fair အခမ်းအနားကို ဩဂုတ်လ ၂၆ ရက်၊ နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်ရှိ အဓိပတိလမ်းမကြီးတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးနှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်း အုပ်ကြီးများ၊ ဆရာ၊ဆရာမ များနှင့် ကျောင်းသား၊ကျောင်းသူများ၊ ပုဂ္ဂလိကဘဏ်များနှင့် MSME လုပ်ငန်းရှင်များ တက် ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး တရားသူ ကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ မုံရွာစီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ်နှင့် မုံရွာတက္ကသိုလ် ပါမောက္ခချုပ်တို့က မုံရွာစီးပွားရေးတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာ သင်နှစ်၊ ကျောင်းသား၊ကျောင်းသူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်အတွက် Job-Fair အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက ယခုလိုပြပွဲကြီး ကျင်းပရ ခြင်းအနေဖြင့် စတုတ္ထနှစ် ကျောင်းသား၊ကျောင်းသူများအတွက် သင့်လျော်သည့်လုပ် ငန်းခွင်အား တိုက်ရိုက်ရှာဖွေနိုင်ရန်နှင့် ကုမ္ပဏီများအတွက်လည်း ထူးချွန်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖော်ထုတ်ချိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်ကျင်းပရခြင်း ဖြစ်ပါ ကြောင်း၊ ယနေ့ခေတ်သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးနှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လူ့စွမ်းအားအရင်းအမြစ်သည် အဓိကအင်အားတစ်ရပ် ဖြစ်ပါကြောင်း၊ လူငယ် များ၏ ပညာအရည် အချင်း၊ အသက်မွေးဝမ်းကျောင်းကျွမ်းကျင်မှုနှင့် လုပ်ငန်းခွင်အတွေ့ အကြုံများသည် နိုင်ငံ၏အနာဂတ် ဖွံ့ဖြိုးတိုးတက် မှုနှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိပါကြောင်း၊ ကျောင်းသား၊ကျောင်သူများအနေဖြင့်လည်း မိမိတို့၏ ပညာရပ်နှင့် စိတ်ဝင်စားမှုအား အခြေခံပြီး မည့်သည့်လုပ်ငန်းကဏ္ဍတွင် မိမိနှင့်သင့်လျော်မည်ကို ရှာဖွေသုံးသပ်သွား ကြရန် လိုအပ်ပါကြောင်းနှင့် အလုပ်အကိုင်တစ်ခု ရရှိခြင်းကိုသာ ရည်မှန်းမထားဘဲ မိမိတို့၏ အရည်အချင်းများအား စဉ်ဆက်မပြတ်မြှင်တင်ပြီး အလုပ်အကိုင်အတွင်း ရေရှည်တိုး တက်နိုင်ရေးကိုလည်း အလေးထားကာ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်း အနားသို့ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာမ များ၊ ကျောင်းသား၊ကျောင်းသူများနှင့် အတူတကွ အဆိုပါတက္ကသိုလ်ကျောင်းဝန်း အတွင်း ရှိ အဓိပတိလမ်းမကြီးပေါ်၌ ခင်း ကျင်းပြသထားသည့် ကျောင်းသား၊ကျောင်းသူများ အလုပ်အကိုင်အခွင့် အလမ်းများရရှိစေရန်အတွက် မုံရွာမြို့ပေါ်ရှိ ဌာနဆိုင်ရာပြခန်းများ၊ ပုဂ္ဂလိကဘဏ် ပြခန်းများနှင့် MSME လုပ်ငန်းရှင်များ၏ လူသုံးကုန်၊စားသောက်ကုန် ပစ္စည်းပြခန်းများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။