မုံရွာ၊ ဇူလိုင် ၂၉

အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအတွက်ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်း (အဆင့်မြင့်) ၂ ခု သင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင်လ ၂၉ ရက်‌နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးရှိ Incubation Centre တွင် ကျင်းပရာ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဆင့်မြင့်စက်ချုပ်နည်း ပညာသင်တန်းတွင် ပွဲတက်ဝတ်စုံများပါ ချုပ်လုပ်နိုင်အောင် သင်ကြားပေးခဲ့သည့်အတွက် လုပ်ငန်းထူထောင်လုပ်ကိုင်ရာတွင် များစွာအထောက်အကူဖြစ်ပြီး ထိရောက်အကျိုးရှိသည့် စီမံကိန်းသင်တန်းများ ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် စီမံကိန်းလုပ်ငန်း တစ်ခု စီမှထူးချွန်ပြီး လုပ်ငန်းထူထောင်လိုသည့် သင်တန်းသူ ၅ ဦးစီအား ရွေးချယ်ပြီး တစ်ဦးလျှင် ငွေကျပ် ၁၄ သိန်းဖိုးနှင့်ညီမျှသည့် လုပ်ငန်းသုံးပစ္စည်းများ ငှားရမ်းသုံး စွဲခွင့်ပြုသွား မည် ဖြစ်ပါကြောင်း၊ ယခုသင်တန်း သင်ကြားတတ်မြောက်မှုကြောင့် စက်ချုပ်လုပ်ငန်း ထူထောင်လိုသူများအနေဖြင့် မိသားစုဝင်ငွေတိုးပွားလာခြင်းကြောင့် လူမှုစီးပွားဘဝများ မြင့်မားလာပြီး သားသမီးများ ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအထောက်အပံ့နှင့် ပြုစုပျိုးထောင်ခြင်းများဆောင်ရွက်နိုင်မည်ဖြစ်ပါ၍ အနာဂတ်နိုင်ငံတော်အတွက် မျိုးဆက် သစ်များ မွေးထုတ်ပေးနိုင်မည်ဖြစ်သည့်အပြင် လူသားအရင်းအမြစ်နှင့် နည်းပညာအခြေခံ မိသားစုဝင်ငွေများ တိုးတက်လာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးစီမံကိန်း လုပ်ငန်းအတွက် ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်း(အဆင့်မြင့်)အတွက် သင် တန်းသူတစ်ဦးထံ သင်တန်းဆင်းလက်မှတ်များအား လည်းကောင်း၊ တိုင်းဒေသကြီး စီမံ ကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်စေရေး စီမံကိန်းလုပ်ငန်းအတွက် ဖွင့်လှစ်သည့် စက်ချုပ်နည်း ပညာသင်တန်း(အဆင့်မြင့်)အတွက် သင်တန်းသူတစ်ဦးထံ သင်တန်းဆင်းလက်မှတ်များအား လည်းကောင်း ပေးအပ်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးခင်မောင်အေး က အသေးစား၊ အငယ်စားစီးပွားရေးများပေါ်ထွန်းလာစေရေး စီမံကိန်းလုပ်ငန်းအတွက် ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်း (အဆင့်မြင့်)မှရရှိသည့် ထုတ်ကုန်ပစ္စည်းများအား သင်တန်းသူတစ်ဦးထံသို့ လည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်းက အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်စေရေးစီမံကိန်းလုပ်ငန်းအတွက် ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်း(အဆင့်မြင့်)မှ ရရှိသည့် ထုတ်ကုန်ပစ္စည်းများအား သင်တန်းသူတစ်ဦးထံသို့ လည်းကောင်း အသီးသီး ပေးအပ်ကြသည်။

ထို့နောက် တိုင်းဒေသကြီး အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအတွက် ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာ သင်တန်း(အဆင့်မြင့်)၂ ခုမှ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ သင် တန်းသူများကိုယ်တိုင် ချုပ်လုပ်ထားသည့် အဝတ် အထည်များအား လိုက်လံကြည့်ရှုခဲ့ ကြပြီးလိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20250730 06

20250730 06

20250730 06

20250730 06