မုံရွာ၊ ဇူလိုင် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲ အခမ်း အနားကို ဇူလိုင်လ ၃၀ ရက်၊ မွန်းလွဲပိုင်းက မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ် ရာ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေ သကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုသင်တန်းအား စနစ်တကျ နှင့်အချိန်ပြည့် တက်ရောက်ပေးခဲ့သည့် သင်တန်းသား၊သင်တန်းသူများအနေဖြင့် သင် တန်းမှရရှိခဲ့သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်သည့်အခါ ထိရောက်သည့် နည်းလမ်းများဖြင့် စနစ်တကျပြုစုပျိုးထောင် ပြီးမိဘများနှင့် ရပ်ရွာလူထုများမှလည်း ဝိုင်းဝန်းပူးပေါင်းကာ ကလေးသူငယ်များအား ပြုစု စောင့်ရှောက်သွားကြရန် လိုအပ်ပါကြောင်း၊ သင်တန်းမှရရှိသည့် အတွေ့အကြုံ ဗဟုသုတ နည်းပညာများအား အသုံးချပြီး မိမိတို့နိုင်ငံ၏အနာဂတ် ကလေးငယ်များအကျိုးကို အကောင်းဆုံးဖြစ်အောင် ပြုစုပျိုးထောင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ကသင်တန်းတွင်ကြီးကြပ်သင်ပြပေးပါသော လူမှု ဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး(ငြိမ်း) ဒေါ်ခင်နွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေအား လည်းကောင်း၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးက သင်တန်းသား/သင်တန်းသူများအား သင် တန်းဆင်းလက်မှတ်များအား လည်းကောင်း ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လိူင်မိုးမြတ်က သင်တန်းအစီရင်ခံစာအား Power Point ဖြင့် ဖတ်ကြားပြောကြား သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက သင်တန်းသူများအား၏ တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုများအား ကြည့်ရှု အားပေးကြပြီး ခန်းမအတွင်းခင်းကျင်းပပြုသထားသည့် သင်တန်းသူ များကိုယ်တိုင် ပြုလုပ်ထားသည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သင် ထောက်ကူပစ္စည်းများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။

အဆိုပါ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုး ထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းအား ဇူလိုင်လ ၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ စာတွေ့လက်တွေ့ သင် ကြားပေးခဲ့ပြီး သင်တန်းသား၊သင်တန်းသူ ၄၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

20250731 01

20250731 01

20250731 01

20250731 01

20250731 01

20250731 01

20250731 01

20250731 01