မုံရွာ၊ အောက်တိုဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာလ ၁ ရက်နေ့၊ နံနက်ပိုင်းက မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြု လုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ အနောက်မြောက်တိုင်းစစ်ဌာန ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဓဒသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့်ဇနီးများ၊ ထူးချွန်ဆုရရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်အငြိမ်းစားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ (၆၁)နှစ်တာ ကာလတစ်လျှောက် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများ အပေါ် အောင်မြင်စွာ ကျော်လွှားဖြတ်သန်းရင်းရရှိခဲ့သည့် အတွေ့အကြုံများအား သင်ခန်း စာအဖြစ်ရယူပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန် ၄ ရပ်ဖြစ်သည့် “ပြည်တွင်း လုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေး”တို့ကို အောင်မြင် အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ရဲတပ်ဖွဲ့ဝင် အဆင့် တိုင်းသည် မိမိရရှိထားသည့် ရာထူး၊လုပ်ပိုင်ခွင့်များအား တလွဲအသုံချခြင်းနှင့် အဂတိပြု လုပ်ခြင်းများကို ရှောင်ကြဉ်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆင်ခြင်တုံတရားရှိရှိ ဆောင်ရွက်နိုင်သည့် တပ်ဖွဲ့ဝင်ကောင်းများဖြစ်အောင် ကျင့်ကြံဆောင်ရွက်သွားကြရန် မှာ ကြားလိုပါကြောင်း၊ ဒါမှသာရှေ့ဆက်မည့် လုပ်ငန်းတာဝန်များအား အကောင်အထည် ဖော်ဆောင်ရွက်သည့်အခါ အဂတိကင်းရှင်းပြီး ကိုယ်ရည်ကိုယ်သွေးပြည့်ဝသည့် တပ်ဖွဲ့ ဝင်များအဖြစ်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဂုဏ်အား ထိန်းသိမ်းမြှင့်တင်ပေးနိုင်မည် ဖြစ်ပါ ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နိုင်လင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၏ သဝဏ်လွှာအား ဖတ်ကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တစ်ဆင့်မြှင့်ရာထူးရရှိသူ ၂ ဦးနှင့် အမှုထမ်းကောင်းဆု ရရှိသူ ၁ ဦးတို့အား ဆုတံဆိပ်များအား လည်းကောင်း၊ တိုင်းဒေသ ကြီး တရားသူကြီးချုပ်က တစ်ဆင့်မြှင့်ရာထူးရရှိသူ ၁ ဦးနှင့် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့မှု ဆုရရှိသူ ၁ ဦးတို့အား ဆုတံဆိပ်များအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက တစ်ဆင့်မြှင့်ရာထူးရရှိသူ ၁ ဦးနှင့် ကျပ်သိန်းပေါင်း ၁၀၀၀၀ နှင့် အထက် မူးယစ်ဆေးဝါးဖမ်းရမိသူ ၁ ဦးတို့အား ဆုတံဆိပ်များအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက မှုခင်းဖော်ထုတ်ဖမ်းဆီးမှု ဆုရရှိသူ ၁ ဦးနှင့် ကျပ် သိန်းပေါင်း ၁၀၀၀၀ နှင့်အထက် မူးယစ်ဆေးဝါးဖမ်းဆီးရရှိသူ ၁ ဦးတို့အား ဆုတံဆိပ် များအား လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဦးစီး ဗိုလ်မှူးကြီး(စစ်ရေး)မှ မှုခင်းဖော်ထုတ်ဖမ်းဆီးမှု ဆုရရှိသူ ၁ ဦးနှင့် ကျပ်သိန်းပေါင်း ၂၀၀၀၀ နှင့်အထက် မူးယစ် ဆေးဝါး ဖမ်းဆီးရရှိသူ ၁ ဦးတို့အား ဆုတံဆိပ်များအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြ သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Click အားကြည့်ရှုအားပေးကြပြီး ဆုရရဲ တပ်ဖွဲ့ဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်း ပြ သထားသည့် တိုင်းဒေသကြီး/ခရိုင်/မြိုု့နယ် ရဲတပ်ဖွဲ့ဝင်များ၏ ပြည်သူ့လုံခြုံရေးလုပ်ငန်း များဆောင်ရွက်မှုများနှင့် မူခင်းဖော်ထုတ်ဖမ်းဆီးရရှိမှု မှတ်တမ်းဓါတ်ပုံများအား လိုက် လံကြည့်ရှုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းရှိ သလ္လာဝတီခန်းမ တွင်ကျင်းပပြုလုပ်သည့် ကျောင်းပြင်ပပညာရေး(မူလတန်း NFPE/အလယ်တန်း NFME) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ ကျောင်းနေအရွယ် ကလေးအားလုံးပညာသင်ကြားရေး အစီအစဉ်တစ်ခုခုတွင် ပညာဆက်လက်သင်ယူနိုင် ခွင့်ရရှိပြီး စဉ်ဆက်မပြတ် ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်ပြီး ကျောင်းပြင်ပပညာရေးအား အကျိုးရှိပြီး ထိရောက်ဆန်းသစ်သည့် စီမံခန့်ခွဲမှုများဖြင့် ကြိုးစားဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်မည့် ကျောင်းပြင်ပပညာ ရေးမှ ဆရာ၊ဆရာမများအနေဖြင့် သင်တန်းမှပို့ချပေးလိုက်သည့် သင်ကြားနည်းစံနစ်များ အတိုင်း ပညာသင်ယူခွင့်ပြတ်တောက်နေသည့် လူငယ်များအား စိတ်ရှည်စွာပြုစုပျိုး ထောင်ရင်း ထိရောက်အောင်မြင်သည့် သင်ကြားမှုဖြစ်အောင် ကြိုးပမ်းသင်ကြားပေးသွား ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ပညာရေးမှူးက ကျောင်းပြင်ပပညာရေး (မူလတန်း NFPE/အလယ်တန်း NFME)ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဗဟို အဆင့်နည်းပြသင်တန်း တက်ရောက်ခဲ့သည့် နည်းပြဆရာမ ၁ ဦးက သင်တန်းဆိုင်ရာ လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းပြင်ပ ပညာရေး (မူလတန်း NFPE/အလယ်တန်း NFME)သင်ကြားရေး Video Clip အားကြည့်ရှု အားပေးကြပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ကျောင်းပြင်ပပညာရေး (မူလတန်း NFPE/အလယ်တန်း NFME)သင်တန်းသား/သင်တန်းသူများထံ ငွေကျပ် – ၁၀ သိန်းအား ပေးအပ်ချီးမြှင့်ကာ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြ သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါကျောင်းဝန်း အတွင်းရှိသက်မှတ် စာသင်ဆောင်များတွင် ကျောင်းပြင်ပပညာရေး (မူလတန်း NFPE/ အလယ်တန်း NFME) Level-1 to Level 2 သင်ကြားနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြ ပြီး တာဝန်ရှိသူများနှင့်အတူ ကျောင်းသား/ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ် များနှင့်စာရေးကိရိယာများအား ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ကျောင်းပြင်ပ ပညာရေး(မူလတန်း NFPEနှင့် အလယ်တန်း NFME)သင် တန်းအား တိုင်းဒေသကြီးအတွင်းရှိ ကလေးမြို့နယ်၊ ကသာမြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ ချောင်းဦးမြို့နယ်၊ မုံရွာမြို့နယ်၊ ရွှေဘိုမြို့နယ်နှင့် အရာတော်မြို့နယ်များတွင် ကျောင်း သား/ကျောင်းသူ စုစုပေါင်း ၁၆၄၀ ဦးအား သင်ကြားပေးသွားမည် ဖြစ် ကြောင်းသိရ သည်။






