စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကလေးခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၅ ရက်၊ နံနက်ပိုင်းတွင် မိုးအဆက်မပျက်ရွာ သွန်းမှုကြောင့် ကလေးမြို့ပေါ်ရှိရပ်ကွက်/ကျေးရွာများမှ ယာယီနေအိမ်စွန့်ခွာ အိမ်ထောင်စု (၁၉၀) လူဦးရေ(၈၁၃)ဦးအား ဆန်၊ ဆီ၊ ဆား၊ စားသောက်ဖွယ်ရာများနှင့် ရေသန့်များပေးအပ် ခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက တောင်ပေါ်ဒေသတွင် မိုးအဆက်မပျက် ရွာသွန်းမှုကြောင့် ရေစီးဆင်းမှုများပြား၍ ရေကြီးရေလျှံခြင်း ဖြစ်ရပါကြောင်း၊ ကမ္ဘာ့တွင် ရာသီ ဥတုဖောက်ပြန်မှုများ ဖြစ်ပွားနေပါကြောင်း၊ ရာသီဥတုဖောက်ပြန်မှုကြောင့် သဘာဝဘေးရေကြီး မှုဒဏ်ကို လျော့ပါးသတ်သာအောင် ကြိုတင်ပြင်ဆင်ခြင်း၊ ရေလွတ်ရာရွေ့ပြောင်းခြင်း၊ ကျန်းမာ ရေးဂရုစိုက်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျောရောဂါ ကာကွယ်သွားကြရန် လိုအပ်ပါကြောင်း၊ ရေပြန် ကျပါက စပါးများပြန်လည်စိုက်ပျိုးသွားကြရန် လိုအပ်ပါကြောင်း အားပေးစကားများ ပြောကြား ကာ ရပ်ကွက်နေပြည်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကလေးမြို့ပေါ်ရှိရပ် ကွက်/ကျေးရွာများမှ ယာယီနေအိမ်စွန့်ခွာ ပြည်သူများထံ ဆန်၊ ဆီ၊ ဆား၊ စားသောက်ဖွယ်ရာများနှင့်ရေသန့်များ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ရပ်ကွက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မိုးအဆက်မပျတ်ရွာ သွန်းမှုကာ မြစ်သာမြစ်နှင့် နေရဥ္ဇရာချောင်း ရေကြီးမှုကြောင့် ကလေးမြို့ပေါ်ရှိ အောင်မြေမာန် ရပ်ကွက်၊ ညောင်ပင်သာရပ်ကွက်၊ မင်္ဂလာဥယျာဉ်ရပ်ကွက်နှင့် ဖောင်ကူးကျေးရွာများ၌ ရေများ ပြန်လည်ကျဆင်းနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မိုးအဆက်မပျတ်ရွာ သွန်းကာ ကလေးမြို့၊ မြစ်သာမြစ်နှင့် နေရဥ္ဇရာမြစ် ရေကြီးမှုကြောင့် ကလေး-ကျီကုန်း-ကလေးဝ ကားလမ်းဘေးဝဲ/ယာ လမ်းပခုံးသားများရေတိုက်စားမှုကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား လိုက် လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကလေး-ကျီကုန်း- ကလေးဝ ကားလမ်းဘေး ဝဲ/ယာ ရေတိုက်စားမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းပခုံးသားများအား အချိန်မီပြန်လည်ပြု ပြင်ဆောင်ရွက်သွားရေးတို့အား တာဝန်ရှိသူများအား မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
