စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်း ဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကလေးခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၆ ရက်၊ နံနက်ပိုင်းတွင် ကလေးမြို့နယ်၊ နန်းဇလူကျေးရွာ တောင်သူ ဦးမောင်ခင်၏ ဧရာမင်း မိုးစပါးစိုက်ခင်းအတွင်း ကျင်းပပြုလုပ် သည့် မိုးစပါးအထွက်နှုန်းတိုးတက်ရေးအတွက် သမန်းနှိုးခြင်း၊ မြေဩဇာထည့်သွင်းခြင်း ကွင်းသ ရုပ်ပြပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ ကလေးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ၂၀၂၆-၂၀၂၇ ခုနှစ်၊ ကလေး ခရိုင်အတွင်းရှိ မြို့နယ်များ၌ မိုးစပါးစိုက်ပျိုးပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများမှ မိုးစပါးအထွက်နှုန်းတိုးတက်ရေးအတွက် သမန်းနှိုးခြင်း၊ မြေဩဇာထည့်သွင်းခြင်း ကွင်းသရုပ်ပြ သမှုများအား ကြည့်ရှုခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသခံတောင်သူများနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံကာ ဒေသခံတောင်သူများလိုအပ်သည့် စိုက်ပျိုးရေရရှိရေး၊ စိုက်ပျိုးစရိတ်ချေးငွေ ရရှိရေး၊ မျိုးများနှင့်သွင်းအားစုများ ဈေးနှုန်းသက်သာစွာဖြင့်ရရှိရေး၊ စိုက်ပျိုးရေးနည်းပညာ များအား ဒေသခံတောင်သူများသိရှိနားလည်အောင် အသိပညာများပေးသွားရေး၊ စိုက်ပျိုးသည့် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မြစ်သာမြစ်နှင့်နေရဥ္ဇရာမြစ် ရေကြီးမှုကြောင့် ရေဝင် ရောက်ခဲ့သည့် စပါးခင်းများ ပြန်လည်အစားထိုး၍ ရှင်သန်အောင်မြင်အောင် စိုက်ပျိုးသွားရေး တို့အား တာဝန်ရှိသူများအား မှာကြားကာ ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ သရုပ်ပြသပွဲသို့ တက် ရောက်လာကြသည့် ဒေသခံတောင်သူများထံ သဘာဝပိုးသတ်ဆေးများနှင့် ရွတ်ဖျန်းဓါတ်မြေ ဩဇာများအား ပေးအပ်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစိုး ရအဖွဲ့(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ကလေးခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဆောင်ရွက် ခဲ့သည့် အရှည် – ၄ ဖာလုံ၊ အကျယ် – ၁၂ ပေ၊ ၉ လက်မထု စံပြ-နန်းဇလူ ကွန်ကရစ်လမ်း ခင်း ကျင်းပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးမြို့၊ မြို့သာရပ် ကွက်ရှိ တစ်ရက်လျှင် တန် ၃၀ ကြိတ်ခွဲထုတ်လုပ်နေသည့် “မိသားစု” ဆန်စက်သို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စက်ရုံအတွင်း ဆန်များကြိတ်ခွဲထုတ်လုပ်နေမှု၊ ထုပ်ပိုးနေမှုများနှင့် ကုန်ကြမ်း များသိုလှောင်ထားရှိမှုများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်း လင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ကလေး-ကျီကုန်း-ကလေးဝ ကားလမ်းဘေးရှိ ချမ်းမြေ့အောင်စည်ရပ်ကွက်၌ မိုးစပါးစိုက်ခင်း ရေကြီးနစ်မြှုပ်မှုအပေါ် ပြန်လည်ကုစားခြင်းအတွက် ဂျစ်ပဆမ်နှင့်ပိုတတ် မြေဩဇာကျဲပတ်ခြင်း ကွင်းသရုပ်ပြသပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများက မိုးစပါး စိုက်ခင်း ရေကြီးနစ်မြှုပ်မှုအပေါ် ပြန်လည်ကုစားခြင်းအတွက် ဂျစ်ပဆမ်နှင့်ပိုတတ် မြေဩဇာ ကျဲပတ်ခြင်း ကွင်းသရုပ်ပြသမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးမြို့၊ အမှတ် (၁၀)တပ်မတော်ဆေးရုံ ကုတင်(၁၀၀)သို့ ရောက်ရှိရာ ဆေးရုံတပ်မှူးနှင့် တာဝန်ရှိသူများက လူနာများ၏ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများအား လိုက်လံရှင်းလင်း သကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆေးကုသမှုခံယူနေကြသည့် လူနာ များအား အဟာရဖြည့်စွက် စားသောက်ဖွယ်ရာများအား ပေးအပ်ကာ အားပေးစကားများ ပြော ကြားခဲ့ကြောင်း သိရသည်။
