မုံရွာ၊ ဇန်နဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၂ မြို့နယ် ၌ ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမို ကရေစီအထွေထွေရွေး ကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်း အဝေး(၄/၂၀၂၆)ကို ဇန်နဝါရီလ ၁၉ ရက်၊ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်း အဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်သူရ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မုံရွာခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌများ၊အတွင်း ရေးမှူးများနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌများနှင့် အတွင်းရေးမှူးများက Video Conferencing ဖြင့် တက် ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အပိုင်း(၃)အား မိမိတို့တိုင်းဒေသကြီးအတွင်း ကျန်ရှိနေသည့် ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်(၂)မြို့နယ်တွင် ကျင်းပပြုလုပ် သွားမည် ဖြစ်ပါကြောင်း၊ ရွေး ကောက်ပွဲအပိုင်း(၃)ကျင်းပသည့်အခါရွေးကောက် ပွဲ အပိုင်း (၁)နှင့်(၂)မှ တွေ့ရှိရသည့် အားသာချက်များအား အသုံးချပြီး အားနည်းချက်များကို ထပ်မံ ပြင်ဆင်ဖြည့်ဆည်းဆောင်ရွက်သွားကြရန်မည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲကျင်းပပြု လုပ်ရာတွင် အခုဆိုရင် ကျင်းပပြီးစီးသမျှ လွှတ်တော်အသီးသီး၏ လွှတ်တော် ကိုယ်စား လှယ် အမည်စာရင်းများကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်တို့မှ ထုတ်ပြန်ကြေညာပေးလျက် ရှိပါကြောင်း၊ ရွေးကောက်ပွဲ အပိုင်း(၁)နှင့်အပိုင်း(၂) အောင်မြင်စွာပြီးစီးသကဲ့သို့ တာဝန် ရှိသူအားလုံးအနေဖြင့်လည်း ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ယခုကျင်းပ ပြုလုပ်မည့် ရွေးကောက်ပွဲအပိုင်း(၃)ကိုလည်း အောင်မြင်စွာ ကျင်းပပြီးစီးအောင် အစွမ်းကုန်ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်သူရ က ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃)အောင် မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများ နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင် အဖွဲ့ဝင်၊ တိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်သိန်းက ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း (၃)အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား ရှင်းလင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌက ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ကနီမြို့နယ်နှင့်ဆားလင်းကြီးမြို့နယ်တို့တွင် လုပ်ငန်းများကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပပြုလုပ်မည့် ကနီမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌများက မိမိတို့မြို့နယ်များအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းများကြိုတင်စီမံ ပြင် ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြ သည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အောင်မြင်စွာကျင်းပနိုင်ရေး အတွက် မိမိတို့ဝန်ကြီးဌာနများအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းအခြေ အနေများအား ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာ ကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရ သည်။






