မုံရွာ ဖေဖော်ဝါရီ ၁၂

၂၀၂၆-ခုနှစ်၊(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို ဖေဖော် ဝါရီလ ၁၂ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အရှေ့ကန်သာယာကန် ရှိ ပြည်ထောင်စုရင်ပြင်တွင် ကျင်းပပြုလုပ်ရာ အလံတင်အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂုဏ်ပြုတပ်ခွဲ နှင့် လူမူရေးအသင်းအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက် ကြသည်။

ဦးစွာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အလံတင်အခမ်းအနားသို့ တက် ရောက်လာသူများက မြန်မာနိုင်ငံတော်အလံအား တိုင်ထိပ်သို့လွှင့်တင်ကာ အလေးပြုခဲ့ ကြသည်။

ဆက်လက်၍ ၂၀၂၆-ခုနှစ်၊ (၇၉)နှစ်မြောက်၊ ပြည်ထောင်စုနေ့သဝဏ်လွှာ ဖတ် ကြားခြင်း အခမ်းအနားကို အဆိုပါ ပြည်ထောင်စုရင်ပြင်တွင် ကျင်းပပြုလုပ်ရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်သူရ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ဒီဂရီကောလိပ်များမှ ကျောင်း သား၊ကျောင်းသူများနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ကျောင်းသား၊ကျောင်းသူများနှင့် မြို့မိမြို့ဖများ၊ ဂုဏ်ပြုတပ်ခွဲတို့မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်တော်အလံအား အလေးပြုကြသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လိူင်ထံမှ ၂၀၂၆-ခုနှစ်၊ (၇၉)နှစ်မြောက်၊ ပြည်ထောင် စုနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဖတ်ကြားပြီး ဂုဏ်ပြုတပ်ခွဲမှအလေးပြုကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ နမှ ခင်းကျင်းပြသထားသည့် ၂၀၂၆-ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ်လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများနှင့် ပိုစတာများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် အဆိုရင်ပြင်၌ ကျင်းပပြုလုပ်သည့် WE LOVE MONYWA နှစ်ဖက်လှ ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးတို့က WE LOVE MONYWA နှစ်ဖက်လှ ဆိုင်း ဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး အဆိုပါဆိုင်းဘုတ်အား လိုက်လံကြည့်ရှုကာ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ ပြည်သူ့ဥယျာဉ်တွင် ကျင်းပပြုလုပ်သည့် ၂၀၂၆-ခုနှစ်၊ (၇၉)နှစ် မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းထုတ်ကုန်များ ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနား တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း ထုတ်ကုန်များဈေး‌ရောင်းပွဲတော်သည် မိမိတို့တိုင်းဒေသ ကြီးအတွင်းမှ စီးပွားရေးလုပ်ငန်းထုတ်ကုန်များ၊ ဒေသတစ်ခုထုတ်ကုန်တစ်ခု(One Region One Product – OROP)ထုတ်ကုန်များ ပါဝင်ပြသရောင်းချသွားမည် ဖြစ်ပါ ကြောင်း၊ ဒေသတွင်း MSME ထုတ်ကုန်ဈေးရောင်းပွဲများသည် လုပ်ငန်းရှင်များအတွက် သာမက ပြည်သူလူထုတစ်ရပ်လုံးအတွက်ပါများစွာ အကျိုးကျေးဇူးရှိပါကြောင်းနှင့် ဈေး ရောင်းပွဲတော်သို့ လာရောက်ပြသရောင်းချကြသည့် လုပ်ငန်းရှင်များနှင့်ဝန်ထမ်းများ၊ ပြည်သူအားလုံးကို မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အထူးကျေးဇူးတင်ရှိပါ ကြောင်းနှင့် MSME ကုန်ထုတ်လုပ်ငန်းများ ရေရှည်တိုးတက်အောင်မြင်အောင် တာဝန်ရှိ သူအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးသွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းမှူး ဗိုလ်ချုပ် ကျော်သူရ၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ မုံရွာခရိုင် စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမျိုးတင့်ဇော်နှင့် မုံရွာကုန်စည်ဒိုင်မှ တာဝန်ရှိသူ တစ်ဦးတို့က အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းထုတ်ကုန်များ ဈေးရောင်းပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါ မုခ်ဦးရှေ့ တွင် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် အဆိုပါ ပြည်သူ့ဥယျာဉ်ရင်ပြင်၌ ခင်းကျင်းပြသရောင်းချနေသည့် မုံရွာမြို့ စက်မှုဇုန်မှထုတ်လုပ် သည့် လယ်ယာသုံးထွန်စက်ကြီးများ၊ လက်တွန်းထွန်စက်များ၊ ဌာနဆိုင်ရာ ပြခန်းများ၊ ဈေးဆိုင်ခန်းများနှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှထွက်ရှိသည့် ဒေသထွက်ကုန် များ၊ အဝတ်အထည်များ၊ လူသုံးကုန်များ၊ စားသောက်ကုန်များ၊ အိမ်သုံးအလှဆင် ပစ္စည်း များ၊ တိုင်းရင်းသားရိုးရာပစ္စည်းများ၊ တိုင်းရင်းဆေးများ၊ မွေးမြူရေးထုတ်ကုန်အရောင်း ပြခန်းများ၊ မုံရွာမြို့ပေါ်ရှိ ပုဂ္ဂလိကဘဏ်များ၏ ဝန်ဆောင်မှုပြခန်းများ။ စားသောက်ဆိုင် ခန်း စုစုပေါင်း(၂၃၀)ခန်းကျော်ဖြင့် ပြသရောင်းချနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ဈေး ရောင်းပွဲတော်သို့ လာရောက်ကြသည့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ တက္ကသိုလ်/ ဒီဂရီ ကောလိပ်များမှ ကျောင်းသား၊ကျောင်းသူများနှင့် မြို့နေပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား၊ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြပြီး တာဝန်ရှိသူများနှင့်အတူ ဂုဏ်ပြုချီး မြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။

အဆိုပါ ၂၀၂၆-ခုနှစ်၊ (၇၉)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသေး စား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းထုတ်ကုန်များ ဈေးရောင်းပွဲတော်အား မုံရွာမြို့၊ ပြည်သူ့ဥယျာဉ်အတွင်း၌ ဈေးဆိုင်ခန်းပေါင်း ၂၃၀ ခန်းကျော်နှင့် ကလေးကစား ကွင်းများဖြင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ ပြသရောင်းချ သွားမည်ဖြစ်ပြီး နိုင်ငံကျော်အဆိုတော်များမှ တေးသီချင်းများဖြင့် ဧည့်ခံသီဆိုဖျော်ဖြေ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

20260218 01

20260218 01

20260218 01

20260218 01

20260218 01