မုံရွာ၊ ဇွန် ၈
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် ဇွန်လ ၈ရက်၊နံနက်ပိုင်းတွင် မုံရွာမြို့၊ပြည်သူ့အားကစားကွင်းသို့ရောက်ရှိရာ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက ပြည်သူ့အား ကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားရုံ၊ ဘောလုံးကွင်း၊ တင်းနစ်၊ ဖူဆယ်အားကစားရုံနှင့် ကာယဗလနှင့်ကာယကြံ့ lခိုင်မှု လေ့ကျင့်ရေးအားကစားရုံ အဆောက်အဦများ ထိန်းသိမ်းဆောင်ရွက်ထားရှိမှုများ အား လိုက်လံရှင်းလင်းပြသသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အားကစားရုံ အဆောက်အဦများ ရေရှည်အသုံးပြုနိုင်အောင် ကြံ့ခိုင်မှုရှိစေရေး၊ အားကစားရုံ ပတ်ဝန်းကျင်အား အမြဲသန့်ရှင်း သပ်ရပ်မှုရှိစေရေး၊ အားကစားသမားကောင်းများပေါ်ထွက်ရေး၊ နည်းပြများနှင့် စနစ်တကျ လေ့ကျင့်ရေး၊ ပြိုင်ပွဲများစဉ်ဆက်မပြတ် ကျင်းပသွားရေးတို့အား တာဝန်ရှိသူများအား မှာ ကြားကာ လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး အား ကစားလေ့ကျင့်နေမှုများအား လိုက်လံကြည့် ရှုခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အားကစားနှင့် ကာယပညာသိပ္ပံ(မုံရွာ)သို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများက အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)ကျောင်းဝန်းအတွင်းရှိ ပိုက်ကျော်ခြင်း အား ကစား လေ့ကျင့်ရေးရုံ၊ ဘောလုံးကွင်းနှင့် ထမင်းစားဆောင်တို့အား လိုက်လံရှင်းလင်းပြသကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လို အပ်သည်မျာကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ကျောင်းသား၊ ကျောင်းသူများ အားကစားစုဖွဲ့လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ကျောင်း သား၊ကျောင်းသူများနှင့် တွေ့ဆုံကာ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

