စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၂၄ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတက္ကသိုလ်သို့ ရောက်ရှိရာ အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံရာ ပါမောက္ခချုပ်က ကျောင်း၏ စီမံ/အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ပညာသင်နှစ်အလိုက် သင်ကြားရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်ကြားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းတက္ကသိုလ်ရှိ စာကြည့်တိုက်အတွင်း စာအုပ်စာစောင်များနှင့် ပရိဘောဂပစ္စည်းများ စနစ်တကျခင်းကျင်းထားရှိများနှင့် ပြတိုက်အတွင်းရှိ ရှေးဟောင်းပစ္စည်းများနှင့် သံလက်နက်များ ထိန်းသိမ်းထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ တက္ကသိုလ်ကျောင်းဝန်းအတွင်း တည်ဆောက်လျက်ရှိသည့် RECEACTION CENTER တက္က သိုလ်အပန်းဖြေရိပ်သာ အဆောက် အဦ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ တည်ဆောက်ရေးတာဝန်ခံမှ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်း များ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း စံချိန်စံညွှန်းမီစွာဖြင့် တည်ဆောက်ပြီးစီးသွားရေးတို့အား မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ တက္ကသိုလ်ကျောင်းဝန်းအတွင်းရှိ ဘောလုံးကွင်းနှင့် ပွဲကြည့်စင်တို့အား လိုက်လံကြည့်ရှုခဲ့ကြ ပြီး အားကစားပြိုင်ပွဲများ ပြုလုပ်သွားရေးတို့အား မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် စစ်ကိုင်းပညာရေးတက္ကသိုလ်သို့ ရောက်ရှိရာ အစည်း အဝေးခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံရာ စစ်ကိုင်းပညာရေး တက္ကသိုလ် ပါမောက္ခချုပ်က တက္ကသိုလ်၏ စီမံ/အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ပညာ သင်နှစ်အလိုက် သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်း တင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်ကြားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းပညာ ရေးတက္ကသိုလ်ရှိ စာကြည့်တိုက်အတွင်း စာအုပ်စာစောင်များ၊ ပရိဘောဂပစ္စည်းများ စနစ် တကျ ခင်းကျင်းထားရှိမှုများနှင့် e-Library စာကြည့်တိုက်ဖွင့်လှစ်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းပညာ ရေးတက္ကသိုလ်ရှိ သင်တန်းသား၊သင်တန်းသူများ၏ သင်ထောက်ကူ သိပ္ပံလက်တွေ့ခန်းများ နှင့် တက္ကသိုလ်အတွင်း တည်ဆောက်လျက်ရှိသည့် RECEACTION CENTER တက္ကသိုလ် အပန်းဖြေရိပ်သာ တည်ဆောက်နေမှုနှင့် အားကစားကွင်းတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ ကြပြီး လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
