စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များ၌ သီတင်း သုံးတော်မူကြသည့် ဆရာတော်/သံဃာတော်များ ဆွမ်းကွမ်းအခက်အခဲ မရှိစေရေး အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မုံရွာမြို့ပေါ်ရှိ လုပ်ငန်းရှင်များမှ စုပေါင်း၍ ဆွမ်းဆန်၊ ဆီများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို စက်တင်ဘာလ ၃၀ ရက်၊ နံနက် ပိုင်းတွင် မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်ရှိ မဟာဇောတိကာရာမ ကျောင်း တိုက်ကြီးတွင် ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ် ကြပြီး မုံရွာမြို့၊ မဟာဇောတိကာရာကျောင်းတိုက် ဘန္ဒန္တဇ္ဇောဒယ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြ သည်။
ယင်းနောက် ပင့်သံဃာဆရာတော်များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသ ကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် လုပ်ငန်းရှင်များက ဆွမ်းဆန်၊ ဆီများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ မုံရွာမြို့၊ မဟာဇောတိကာရာကျောင်းတိုက် ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အနုမောဒနာတရား နာယူကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံ တိဌတု”သုံးကြိမ် ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ နန္ဒဝန် ရပ်ကွက်ရှိ သာသနာရောင်ခြည် ကျောင်းတိုက်ကြီးသို့ ရောက်ရှိရာ ဘဒ္ဒန္တပညာဝံသ ဆရာ တော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ယင်းနောက် ပင့်သံဃာဆရာတော်များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသ ကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် လုပ်ငန်းရှင်များက ဆွမ်းဆန်၊ ဆီများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ မုံရွာမြို့၊ သာသနာရောင်ခြည်ကျောင်းတိုက် ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အနုမောဒနာတရား နာယူကြည်ညို ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံ တိဌတု”သုံးကြိမ် ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ချမ်းမြသာ စည်ရပ်ကွက်ရှိ မြို့မရွှေဂူ ကျောင်းတိုက်ကြီးသို့ ရောက်ရှိရာ ဘဒ္ဒန္တပဏ္ဍိတ ဆရာတော်ကြီး ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည် ကြသည်။
ယင်းနောက် ပင့်သံဃာဆရာတော်များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသ ကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် လုပ်ငန်းရှင်များက ဆွမ်းဆန်၊ ဆီများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ မုံရွာမြို့၊ မြို့မရွှေဂူကျောင်းတိုက် ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အနုမောဒနာတရား နာယူကြည်ညိုကြပြီး လှူဒါန်း မှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံ တိဌတု”သုံးကြိမ် ရွတ် ဆိုဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက် ၃ တိုက်သို့ စစ်ကိုင်းတိုင်းဒေသ ကြီးအစိုးရအဖွဲ့နှင့် လုပ်ငန်းရှင်များမှ စုပေါင်း၍ လှူဒါန်းငွေကျပ် – ၅၃,၁၄၈,၀၀၀ (ငါးရာ သုံးဆယ် တစ်ဆယ့်လေးသိန်း ရှစ်ထောင်)ကျပ် တန်ဖိုးရှိ ဆွမ်းဆန်တော် ၂၄ ပြည်အိတ်- ၃၈၂ အိတ်၊ ဆီ ၁၀ ပိဿဝင်- ၈၄ ပုံးတို့အား စုပေါင်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရ သည်။
