စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၁၆ ရက်၊ နံနက်ပိုင်းတွင် စက်မှုကုန်ကြမ်းသီးနှံ ဝါစိုက်ပျိုးရေးလုပ်ငန်းများမှထွက်ရှိသည့် ကုန်ကြမ်း ပစ္စည်းများအား အခြေခံ၍ အဆင့်မြှင့်ကုန်ချောပစ္စည်း အဝတ်အထည်များ ထုတ်လုပ်သွား နိုင်ရေးနှင့် ဒေသခံတောင်သူများ စီးပွားရေးအခွင့်အလမ်းများ ပိုမိုအဆင်ပြေစေရန်အတွက် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ တောင်သူ ဦးအေးကျော်၊ ကွင်းအမှတ်- ၆၆၅ တွင် ကျင်းပပြု လုပ်သည့် မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာမှ ဝါစိုက်တောင်သူ ၁၂၀ ဦးနှင့် တွေ့ဆုံ ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးအတွင်း စိုက် ပျိုးထားရှိသည့် ဝါသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဒေသခံတောင်သူ များအနေဖြင့်လည်း စိုက်ခင်းများအတွင်း ပိုးမွှားအန္တရာယ်ကင်းရှင်းရေး ဂရုပြု စိုက်ပျိုးသွားကြရန်၊ ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာများအား လိုအပ်မှုအချိုးညီမျှစွာ ဖြင့် ထည့်သွင်းအသုံးပြုစိုက်ပျိုးသွားရေး၊ ရေလိုအပ်ချိန်ရေသွင်းရေး၊ ဝါသီးနှံများ အလေ အလွင့်မရှိစေရေးတို့အတွက် ဝါသီးနှံများခူးဆွတ်သည့်အချိန်နှင့် ရိတ်သိမ်းချိန်များတွင် ဝါအရည်အသွေးကောင်းမွန်ရေး စနစ်တကျ ခူးဆွတ်ရိတ်သိမ်းသွားကြရန် လိုအပ်ပါ ကြောင်း၊ ဝါသီးနှံများ တစ်ဧကလျင် ပိဿ ၇၀၀ မှ ၁၀၀၀ အထိ ထွက်ရှိရေးအတွက် တာဝန်ရှိသူများမှ မြေပြင်အထိကွင်းဆင်းကာ ကူညီဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တောင်သူများလိုအပ်သည့် သွင်း အားစုဓါတ်မြေဩဇာများအား အချိန်မရွေးသုံးနိုင်ရန် ဂိုဒေါင်တွင် ဝယ်ယူစုဆောင်းထားရှိ ပြီးဖြစ်ပါကြောင်းနှင့် ဓါတ်မြေဩဇာများ၊ လယ်ယာသုံးစက်မောင်းဆီများကိုလည်း ဈေး နှုန်းသက်သာစွာဖြင့် တောင်သူများလက်ဝယ် ဈေးနှုန်းမှန်ကန်သက်သာစွာဖြင့် ရောင်းချ ပေးနေပါကြောင်း၊ စိုက်ခင်းများအတွင်း စိုက်ပျိုးရေရရှိစေရေး၊ ထွက်ရှိသည့်ဝါများ ဈေး ကောင်းရရှိရေးတို့အတွက်လည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ရာသီဥတုအပူချိန် မြင့်တက်မှုဖြစ်ပေါ်ပါက စိုက်ပျိုးရေများကိုလည်း စနစ် တကျ အသုံးပြုစိုက်ပျိုးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဝါစိုက်တောင်သူများမှ တောင်သူ ဦးအေးကျော်၏ ကွင်းအမှတ်- ၆၆၅ ၊ စိုက်ဧက ၄ ဧကအတွင်း RaKa 666 အထွက်ကောင်း ချည်မျှင်ရှည်ဝါစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးကာ ဝါစိုက်တောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရ သည်။
