စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာစက်မှုဇုန်အတွင်းရှိ လုပ်ကိုင်ဆောင်ရွက်နေသည့် ဝါ ကြိတ်စက်ရုံလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးပြည့်မီသည့် အဆင့်မြှင့်ကုန်ချောပစ္စည်းများဖြင့် အဝတ်အထည်များထုတ်လုပ်ကာ ကုန်ထုတ်လုပ်ငန်း များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဝါစိုက်တောင်သူများ စီးပွားရေးအဆင်ပြေကာ ဒေသခံ ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးတို့အတွက် အောက်တိုဘာလ ၂၀ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲ ရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် မုံရွာစက်မှုဇုန်ရှိ တစ်ရက်လျင် ကုန်ချော ၄၅၀ ပိဿာ ထုတ်လုပ်နေသည့် ရွှေကံ့ကော် ဝါကြိတ်စက်ရုံသို့ ရောက်ရှိကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား စက်ရုံတာဝန်ခံမှ စက်ရုံ အတွင်း ဝါလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နေမှု အခြေအနေများ၊ ကုန်ကြမ်းရရှိမှု အခြေ အနေများနှင့် ဝါသိုလှောင်ထားရှိမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေ သကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ခဲ့ပြီး ဝါကုန်ချောပစ္စည်းများ စနစ်တကျသန့်စင် ထုတ်လုပ်ကာ အရည်အသွေးပြည့်မီသည့် ဝါကုန်ချောများထုတ်လုပ်သွားရေးတို့အား တာ ဝန်ရှိသူများအား မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာစက်မှုဇုန်ရှိ ဦးဆွေတင့်၏ ဝါကြိတ်စက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စက်ရုံအတွင်း လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ကုန်ကြမ်းသိုလှော်ထားရှိမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဝါကုန်ချောများ ဈေးကွက် အတွင်း ဈေးကောင်းရရှိရေး၊ လျှပ်စစ်မီးပြည့်မီစွာရရှိရေးနှင့် ဝါကုန်ကြမ်းများ အရည် အသွေးကောင်းမွန်စေရေးအတွက် ဝါစိုက်တောင်သူများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင် ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကွယ်ရေး လုပ်ငန်းများအား ကြိုတင်စီမံဆောင်ရွက်ထားကြရန် တာဝန်ရှိသူများအား မှာကြားကာ လိုက်လံရှင်းလင်းပြ သမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
