မုံရွာ၊ အောက်တိုဘာ ၂၁

နိုင်ငံ့တာဝန်များအား တစ်ထောင့်တစ်နေရာမှ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဌာန ဆိုင်ရာအသီးသီးမှ အငြိမ်းစားဝန်ထမ်းများ ကျန်းမာသန်စွမ်းစွာဖြင့် နေထိုင်သွားလာနိုင် ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးကြပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသ ကြီး/ခရိုင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းဒေသကြီး အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းအား အောက်တိုဘာ လ ၂၁ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြန်မာ့စီးပွားရေးဘဏ်အနီး ကျန်းမာရေးစစ်ဆေးပေးရာသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ တိုင်းဒေသကြီး/ခရိုင် ပြည် သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများမှ အငြိမ်းစားဝန်ထမ်းများအား ဆီးချို/သွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ အကြောနာအကြော တက်ရောဂါ၊ နှလုံးရောဂါ၊ ချောင်းဆိုးရင်ကြပ်ရောဂါများအား စစ်ဆေးကုသပေးနေမှုများ အား ကြည့်ရှုအားပေးခဲ့ကြပြီး ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စားသုံးသူရေးရာ ဦးစီးဌာနနှင့် ဆီကုန်သည်ကြီးများအသင်းမှ အငြိမ်းစားဝန်ထမ်းများအား စားသုံးဆီများဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး အငြိမ်းစာဝန် ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၆-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ် အောက် အမျိုးသား ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက နိုင်ငံတော်အနေဖြင့် မြန်မာ့ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအား အမျိုးသားရေးတာဝန်တစ်ရပ်အနေ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြန်မာ့ဘောလုံး အားကစားအဆင့် အတန်း တိုးတက်မြင့်မားရေးကိုလည်း ဦးစားပေးလုပ်ငန်းတစ်ခုအဖြစ် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ပြိုင်ပွဲစည်း မျဉ်း/စည်းကမ်းများအား တိကျစွာလေးစားလိုက်နာသွားကြရန်နှင့် ထူးချွန်သည့် ဖူဆယ် ဘောလုံးအားကစားသမားများဖြစ်အောင် ရည်မှန်းချက်ပန်းတိုင်ထားပြီး မိမိတို့၏ ခြေစွမ်း ခြေစ အရည်အချင်းများကိုပေါ်လွင်အောင် အားကစားစိတ်ဓါတ်ပြည့်ဝစွာဖြင့် ကြိုးစားယှဉ် ပြိုင်ကာ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကစား သွားကြရန် လိုအပ်ပါကြောင်း ပြောကြားကာ ၂၀၂၆-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ပြိုင်ပွဲ အားဖွင့်လှစ်ပေးလိုက်သည်။

ဆက်လက်၍ ပြိုင်ပွဲအသင်းများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ကွင်း အတွင်းမှ ပြန်လည်ထွက်ခွာကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများ မှ ၂၀၂၆-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် မုံရွာခရိုင်အသင်းနှင့် ယင်းမာပင်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးရာ မံ့ရွာခရိုင် အသင်းမှ ယင်းမာပင်ခရိုင်အသင်းအား (၆)ဂိုး၊ (၂)ဂိုးဖြင့် အနိုင်ရရှိသွားသည်။

အဆိုပါ ၂၀၂၆-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင် ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ပြိုင်ပွဲအား အောက်တိုဘာလ(၂၁) ရက်နေ့မှ (၂၅)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၁၄) ခရိုင်မှ ပြိုင်ပွဲဝင်အားကစားသမား စုစုပေါင်း(၁၈၂)ဦး ဝင်ရောက်ယှဉ်သွားမည် ဖြစ်ကြောင်း သိရသည်။