j17

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် ဇနီး ဒေါ်ဝေဝေခိုင်၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ဇော်ဦး၊ တိုင်းဒေသကြီး အဆင့်ဌာန ဆိုင်ရာအကြီးအကဲများသည် ဇွန်လ (၁၂)ရက်၊ နံနက်ပိုင်းတွင် ကလေးခရိုင်၊ ကလေးဝမြို့နယ်   မဟာမြိုင်တောရ ဒီပါအေးမြကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ် ဆောက်လုပ်နေသော  ရွှေတိဂုံပုံတူ ဉာဏ်တော်(၁၀၈)တောင်ရှိ လေးကျွန်းရန်အောင်စေတီတော်ကြီး တည် ဆောက်နေမှုနှင့် အောင်စင်္ကြာစေတီတော် တည်ဆောက်နေမှုတို့အား လှည့်လည်ကြည့်ရူ့စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် ဇနီး ဒေါ်ဝေဝေခိုင်၊ တာဝန် ရှိသူများသည် မဟာမြိုင်တောရ ဒီပါအေးမြကုန်းတော်၊ ဓမ္မာရုံတော်တွင် ကျင်းပသော ရွှေတီဂုံပုံတူ ဉာဏ်တော်(၁၀၈)တောင်ရှိ လေးကျွန်းရန်အောင် စေတီတော်ကြီး အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

ရှေးဦးစွာ နမောတဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန့်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပြီး မဟာမြိုင်သဲဖြူတောရ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့် ဇနီ ဒေါ်ဝေဝေခိုင်၊ ဧည့်ပရိတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြင့်တော်မူသော မေတ္တာသုတ်ပရိတ် တရား တော်များကို နာယူကြည်ညှိကြသည်။

ထို့နောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် ဇနီး ဒေါ်ဝေဝေခိုင်၊ တာဝန်ရှိသူများ၊ အလှူရှင်များက ဆရာတော် သံဃာတော်များအား လှူဘွယ်ပစ္စည်းများ အသီးသီး ဆပ်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် ဇနီ ဒေါ်ဝေဝေခိုင်၊ အေးရိပ်ဝေမိသားစုမှ အောင်စင်္ကြာစေတီတော်ကြီးအတွက် အလှူငွေကျပ် သိန်း(၇၀)၊ လေးကျွန်းရန်အောင် စေတီတော်ကြီးအတွက် အလှူငွေကျပ် (၁၀)သိန်းအား လည်းကောင်း၊ ရွှေသံလွင် ကုမ္မဏီ မီသားစုမှ လေးကျွန်းရန်အောင် စေတီတော်မြတ်ကြီး စည်တော်ကြီး တည်ဆောက်ရန်အတွက်   အလှူငွေကျပ် သိန်း(၁၀၀)အားလည်းကောင်း၊ မိခင်ကြီး ဒေါ်စီသာယာနီ အားအမှူးထား၍ ဦးလှမောင် ဖနီး ဒေါ်သက်သက်ရှိန် မီသားစုတို့မှ လေးကျွန်းရန်အောင် စေတီတော်ကြီး အတွက်   အလှူငွေကျပ် သိန်း(၅၀) တို့အား အသီးသီး လှူဒါန်းကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် ဇနီ ဒေါ်ဝေဝေခိုင်  တို့က  လေးကျွန်းရန်အောင် စေတီတော်မြက်ကြီး ဒီပါအေးမြကုန်းတော် ဘ/က မူလတန်းကျောင်း အတွက် ကျောင်းသုံးဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများ ပေးအပ်ထောက်ပံ့ကာ မဟာမြိုင် သဲဖြူတောရ ဆရာ တော်ကြီး ထံတော်မှ အနုမောဒနာတရား နာယူကြည်ညှိပြီး လှူဒါန်းမှု အစုစုတို့ အတွက် ရေစက် သွန်းချ အမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဒသာသနံ စိရံတိဌတု (၃)ကြိမ် ရွတ်ဆို ဆုတောင်းကာ  အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ယင်းနောက် ဆရာတော်ကြီးများနှင့် ပင့်သံဃာဆရာတော်များအား တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးသာအေးနှင့် ဇနီးဒေါ်ဝေဝေခိုင်၊ အလှူရှင်များက နေ့ဆွမ်းများဆက်ကပ် လှူဒါန်းခဲ့ သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများသည် မွန်းလွှဲ ပိုင်းတွင် လေးကျွန်းရန်အောင် စေတီတော်မြက်ကြီး ဒီပါအေးမြကုန်းတော် ဘ/က မူလတန်း ကျောင်း၊ (၂)ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှု၊ သက္ကကျင်း-ဖောင်းပြင်-ခန္တီးလမ်း မြေသားလမ်းဖောက်လုပ် ပြုပြင်နေမှုတို့အား ကြည့်ရူ့စစ်ဆေးခဲ့သည်။

ဆက်လက်၍ ရေးဦး-တန့်ဆည်-ကလေးဝလမ်း လမ်းများပြုပြင်နေမှုနှင့် လေးပခုံး များချဲ့နေမှုတို့အား ကြည့်ရူ့စစ်ဆေးပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားအထူးအဖွဲ့ (၂)မှ တာဝန်ယူတည်ဆောက်နေသော ချင်းတွင်တံတား(ကလေးဝ) စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ တံတားတည်ဆောက်ရေး  တာဝန်ခံ  အင်ဂျင်နီယာမှူးကြီး    ဦးဝင်းထိန်က   တံတားတည်ဆောက်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက  တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးကာ ချင်းတွင်းတံတား(ကလေးဝ)တည်ဆောက်နေမှုအား ကြည့်ရူ့ စစ်ဆေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများသည် ကလေးဝမြို့၊ အားကစားကွင်း ပရိတ်သက်ပွဲကြည့်စင်နှင့် ဘောလုံကွင်း ပြုပြင်ပြီးစီးမှု၊ စုပေါင်းရုံး  ဆောက်လုပ်မည့်မြေနေရာနှင့် လွတ်လပ်ရေးကျောက်တိုင် တည်ဆောက်နေမှုတို့အား ဘှည့်လည် ကြည့်ရူ့ စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။

ဆက်လက်ပြီး ကလေးဝမြို့၊ ပြည်သူ့ဆေးရုံ သို့ရောက်ရှိရာ ဆေးသိုလှောင်ခန်း၊ ခွဲစိတ်ခန်းနှင့် ဆေးကုသမှုခံယူနေသော ဒေသခံလူနာများအား ရင်းရင်းနှီးနှီး တွေ့ဆုံနုတ်ဆက်ပြီး  ရွှေမုဌာစေတီတော်ကြီးအား ဖူးမျှော်ကြည်ညှိကာ အလှူငွေများ လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

 

သတင်း အချက်အလက်