စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးသည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများလိုက်ပါလျက် ဇန်နဝါရီလ (၂၂)ရက်၊ မွန်းလွှဲပိုင်းတွင် မုံရွာခရိုင်၊ အရာတော်မြို့နယ်သို့ ရောက်ရှိကြပြီး သလဲဘာ-ကျောက်ကုန်း (မူးမြစ်ကူး) တံတား တည်ဆောက်နေမှုအခြေအနေများအား ကြည့်ရူ့စစ်ဆေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဒေသခံ ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ ကျေးရွာ၏ လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ညှိနိုင်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ကျေးရွာ အတွက် ထောက်ပံ့ရေး ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့သည်။
ထိုမှ တစ်ဆင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အရာတော်မြို့နယ် စပါးတွင်း ကျေးရွာ၊ ဆိပ္ဖူးကြီး ကျေးရွာ၊ ငါးရဟိုးကျေးရွာ၊ မန်းကျည်းဇောက် ကျေးရွာများမှ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး သွားရောက် တွေ့ဆုံနှုတ်ဆက်ပြီး ကျောင်းသုံး ဗလာစာအုပ်များ၊ အားကစားပစ္စည်းများ၊ ဂျာနယ်စာစောင်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သမရိုး (မူးမြစ်ကူး) တံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိကြပြီး တံတား ဆောက်လုပ်ရေး လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ စံချိန်စံညွှမ်းမီ အရည်အသွေး ကောင်းမွန် ရေးတို့အား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။