မုံရွာ ဇန်နဝါရီ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေး ရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိင်ကျော်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇန်နဝါရီလ (၁၆)ရက်၊ နေ့လည်ပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့သို့ ရောက်ရှိရာ နန်းယွန်းမြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနန္ဒပါလ ထံ လှူဘွယ်ပစ္စည်း၊ စားသောက်ဖွယ်ရာများနှင့် ဝတ္တုငွေများ ဆက်ကပ် လှူဒါန်းခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော နာဂတိုင်းရင်းသားများ၊ ဌာနဆိုင်ရာများအား တွေ့ဆုံခြင်းနှင့် ပန်းခင်းစီမံချက် လျာထားချက်ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နာဂဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမူရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေများ ပြည် ထောင်စုဖွားတိုင်းရင်းသားများ၏ ရိုးရာဓလေ့နှင့် အထိမ်းအမှတ်ပွဲများအပေါ် အလေး အနက်ထားမှု အခြေအနေများကို ပြောကြားခဲ့သည်။

ဆက်လက်၍ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းဝင်းက ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဒေသတည်ငြိမ်အေးချမ်းရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဒေသခံနာဂတိုင်းရင်းသားများထံနိုင်ငံသားစီစစ်ရေးကတ်ပြားများပေးအပ်ပြီး ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ကြသော နန်းယွန်းမြို့နယ်၊ လူဝင်မှုကြီး ကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများထံ ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြင့်ငွေ (၅)သိန်းအား လည်းကောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့၊ လဟယ်မြို့၊ လေရှီးမြို့နယ် များအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်(၅၀၀)အိတ်နှင့် ဆိုလာမီး (၂၀၀)စုံတို့အား နာဂဦးစီးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းဝင်းထံ ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက လုံခြုံရေးရဲတပ်ဖွဲ့များအား ငွေကျပ်(၅)သိန်းအား လည်းကောင်း၊ သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်းက နန်းယွန်းမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ငွေကျပ် (၅)သိန်းအား လည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော ကျန်းမာရေးဝန်ထမ်းများနှင့် Vounteer များအတွက် ငွေကျပ်(၅)သိန်းအား လည်းကောင်း၊ လူမူရေးဝန်ကြီး ဦးအေးလိူင်က လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ပေးအပ်သည့် လဟယ်မြို့နယ်ရှိ ကျေးရွာ(၃)ရွာမှ အိမ် ထောင်စု (၂၀၂)စု၊ လူဦးရေ(၁၃၉၂) ဦးတို့အတွက် (၁)လစာ ဆန်ရိက္ခာဖိုး ငွေကျပ် - ၁၂၅၂၈၀၀၀ (တစ်ရာနှစ်ဆယ့်ငါးသိန်းရှစ်ထောင်)အား လည်းကောင်း တာဝန်ရှိသူ များထံ အသီးသီး ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးဦးက နန်းယွန်း လေရှီးနှင့် လဟယ်မြို့နယ်များအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပေးအပ်သည့် ဆိုလာမီး (၁၀၀)စုံနှင့် ငွေကျပ် သိန်း(၁၀၀)တို့အား တာဝန်ရှိသူများထံ ပေးအပ်ခဲ့ပြီး ဒေသခံနာဂတိုင်းရင်းသူလေးများက ရိုးရာအကဖြင့် ကပြတင်ဆက်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အကအဖွဲ့အား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီး တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အခမ်းအနားသို့ တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံနာဂတိုင်းရင်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးခဲ့သည်။

နန်းယွန်းမြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန အနေဖြင့် “ ပန်းခင်း ” စီမံချက်အား ၂၀၂၁- ခုနှစ်၊ ဧပြီလ မှစတင်၍ ၂၀၂၂-ခုနှစ်၊ ဇန်န ဝါရီလ (၁၄)နေ့အထိ (၉)လကျော်အတွင်း အသက်ပြည့်မီလာသူများကိုပါ ဆောင်ရွက် ပေးခဲ့၍ သက်မှတ်လျာထားချက်ထက် ကျော်လွန်ကာ (၁၄၃)ရာခိုင်နှုန်းထိ ပြီးစီးခဲ့ ကြောင်းသိရှိရသည်။

ဆက်လက်ပြီး တိုင်းသေကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် နန်းယွန်းမြို့၊ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် အသက်- ၁၂ နှစ်အထက် ဒေသခံကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုအား ကြည့်ရှုအားပေခဲ့ပြီး အဆိုပါဆေးရုံဝန်းအတွင်း အောက်ဆီဂျင် စက်ရုံ ထုတ်လုပ်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများ နှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နန်းယွန်းပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသာ ဒေသခံ နာဂတိုင်းရင်းသားများအား စားသောက်ဖွယ်ရာများပေးအပ်ပြီး ဆေးရုံတွင်တာဝန်ထမ်းဆောင်နေကြသော ဆရာဝန်၊ သူနာပြုများနှင့် ဝန်ထမ်းအတွက် စားသောက်ဖွယ်ရာများနှင့် ငွေကျပ် (၅)သိန်းတို့အား ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

မုံရွာ ဇန်နဝါရီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိင်ကျော်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ လိုက်ပါလျှက် ဇန်နဝါရီလ (၁၅)ရက်၊ မွန်းလွဲပိုင်းတွင် ခန္တီးခရိုင်၊ ခန္တီးမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီးဌာန၏ "ပန်းခင်း"စီမံချက် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး ဒေသခံနာဂတိုင်းရင်းသားများထံ နိုင်ငံသားစီစစ်ရေးကတ်ပြားများ ပေးအပ်ပြီး ”ပန်းခင်း ” စီမံချက် လျာထားချက်ရာနှုန်းပြည့် ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ကြသော ခန္တီးမြို့နယ်၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများထံ ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုလက်မှတ်နှင့် စားသောက်ဖွယ်ရာများအား ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ရှမ်းတိုင်းရင်းသားတစ်ဦးထံ နိုင်ငံသားစီစစ်ရေးကတ်ပြားများအား လည်းကောင်း၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက ကချင်တိုင်းရင်းသားတစ်ဦးထံ နိုင်ငံသားစီစစ်ရေးကတ်ပြားများအား လည်းကောင်း၊ လူမူရေးဝန်ကြီး ဦးအေးလိူင်က နာဂတိုင်းရင်း သားတစ်ဦးထံ နိုင်ငံသားစီစစ်ရေးကတ်ပြားများအား လည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က ချင်းတိုင်းရင်းသားတစ်ဦးထံ နိုင်ငံသားစီစစ်ရေးကတ်ပြားများအား လည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီး ဒေသခံပြည်သူ ဦးဉာဏ်လွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အခမ်းအနားသို့ တက်ရောက်လာကြသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနုတ်ဆက် အားပေးခဲ့သည်။ ခန္တီးမြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနအနေဖြင့် “ပန်းခင်း” စီမံချက်အား ၂၀၂၁- ခုနှစ်၊ ဧပြီလမှစတင်၍ ၂၀၂၂-ခုနှစ်၊ ဇန်နဝါရီလ (၁၄)နေ့အထိ (၉)လကျော်အတွင်း အသက်ပြည့်မီလာသူများကိုပါ ဆောင်ရွက်ပေးခဲ့၍ သတ်မှတ်လျာထားချက်ထက် ကျော်လွန်ကာ (၁၁၄.၈)ရာခိုင်နှုန်းထိပြီးစီးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ပြီး တိုင်းသေကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့၊ ဇီးဖြူကုန်းရပ်ကွက်နေ အသက်ပြည့်မီလာသည့် ပြည်သူများအား ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ထပ်မံပြုလုပ်ပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူ များသည် ခန္တီးမြို့၊ ဇီးဖြူးကုန်းရပ်ကွက်ရှိ နာဂရိုး ရာကွင်းတွင် ဒေသခံပြည်သူများအား Phase 6 ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးနေမှုအား ကြည့်ရှုအားပေခဲ့ သည်။

ဆက်လက်ပြီ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့၊ မြသိန်းတန် စေတီတော်ကြီးအား ချင်းတွင်းမြစ်ရေတိုက်စားမှုမှ ကာကွယ်ရန်နှင့် ခန္တီးမြို့မြစ်ကမ်းတစ်လျှောက်ရေတိုက်စားမှုမှ ကာကွယ်ရေးဆောင်ရွက်ထားသည့် ရေထိန်းတာဘောင်များကြံ့ခိုင်မှုနှင့် ချင်းတွင်းမြစ်အတွင်း ရေစီးရေလာ ကောင်းမွန်ရေး၊ မြစ်အတွင်းသန့်ရှင်းသပ်ရပ်ရေးတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဇန်နဝါရီလ(၁၆)ရက် နံနက်ပိုင်းတွင် ခန္တီးမြို့နယ် ဆင်သေကျေးရွာ၌ တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့မှ တာဝန်ယူ တည်ဆောက်ထားသော နမ်မုံ-ဆင်သေ-ကချင် နမ့်သဲကြီးချောင်းပေါ်ရှိ အရှည်-၁၈၀ ပေ၊ အကျယ်-၂၀ ပေ၊ သံကူ ကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့်ချဉ်းကပ်လမ်းတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဆင်သေကျေးရွာ အဝင်လမ်း မြေသားတာဘောင်တင်ခြင်းနှင့် ကွန်ကရစ်လမ်းခင်းမည့် နေရာအားကြည့်ရှုစစ်ဆေးပြီး ဆင်သေကျေးရွာ၊ ပညာရေးဝန်ထမ်းအိမ်ယာ တည်ဆောက်ပြီးစီးမှုတို့အား လည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆရာ၊ဆရာမများနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မုံရွာ ဇန်နဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အစည်းအဝေး (၁/၂၀၂၂)ကို ဇန်နဝါရီလ (၁၄)ရက်၊ မွန်းလွဲ(၁)နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီး မြုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှု ကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးပြုပ်နှံမှုဖြင့် Sagaing Textile Industry Co,Ltd မှ အဝက်အထည်များထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်ခွင့် အတည်ပြုလျှောက်ထားလွှာ တင်ပြလာခြင်းလုပ်ငန်းများနှင့် ပတ်သက် ၍ တင်ပြဆွေးနွေးပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များက ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြကြသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က Sagaing Textile Industry Co,Ltd မှ တာဝန်ရှိသူတစ်ဦးထံ အတည်ပြုမိန့်အား ပေးအပ်ပြီး ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လုပ်ငန်း များနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

ဇန်နဝါရီ ၁၄
(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မုံရွာမြို့ အောင်သပြေလမ်း၊ အေးရိပ်သာလမ်းနှင့် ပေ(၈၀)လမ်း နိုင်လွန်ကတ္တရာလမ်း ဖွင့်ပွဲအခမ်းအနားများကို ဇန်နဝါရီလ(၁၄)ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့နယ် စည်ပင်သာယာရေးကော်မတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေ သကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်းနှင့် တိုင်းဒေသကြီး /ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားရာတွင် “စစ်ကိုင်းတိုင်းဒေသကြီးအစိုးရနှင့် တိုင်းဒေသကြီး စည်ပင်သာယာရေး တာဝန်ရှိသူများအနေဖြင့် မြို့တွင်းလမ်းများအားလုံး ကောင်းမွန်စေရေး မြို့များအဆင့်မြင့်မားစေရေးအတွက် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဆောင်ရွက်မှုသည်လည်း ပြည်သူလူထု၏ သွားလာမှုလွယ်ကူအဆင့်မြင့်ရေးနှင့် ရေရှည်အကျိုးစီးပွားကို ရည်ရွယ်ပြီး နိုင်လွန်ကတ္တရာလမ်းသစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည်နှင့်အမျှ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမူရေး၊ အခန်းကဏ္ဍများလည်း တစ်ဆက်တည်း ပိုမိုကောင်းမွန် လာမှာဖြစ်ပါကြောင်း၊ လမ်းများဖွံ့ဖြိုးတိုးတက်မှသာ မြို့ဖွံ့ဖြိုးတိုးတက်မှာလည်း ဖြစ်ပါကြောင်း၊ မြို့ရွာများသန့်ရှင်းသာယာရေးနှင့် စည်ပင်သာယာရေးလုပ်ငန်းများ လုပ်ဆောင်နေမှုများကို နှောက်ယှက်ဖျက်ဆီးလိုသူ အကြမ်းဖက်များမှ အသက်အန္တရာယ်ထိခိုက် အနာတရဖြစ်စေခြင်းနှင့် ဆောင်ရွက်ထားသည့် ရုပ်ဝတ္တုပစ္စည်းများကို အမျိုးမျိုးဖျက်ဆီးမှုများရှိခဲ့သော်လည်း၊ မိမိတို့ရည်ရွယ်ချက်တာဝန်ကို အပျက်အယွင်းမခံဘဲ ကြံ့ကြံ့ခိုင်တဲ့ သန္နိဌာန်စိတ်ဖြင့် ဆောင်ရွက်လျက်ရှိသူများကိုလည်း တိုင်းဒေသကြီးအစိုးရနှင့် ပြည်သူများမှ အသိမှတ်ပြု ကျေးဇူးတင်လျက်ရှိပါကြောင်း၊ ဆက်လက်လုပ်ဆောင်စရာများကိုလည်း ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း ” ပြောကြားခဲ့ သည်။

ယင်းနောက် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က အောင်သပြေလမ်း၊ အေးရိပ်သာလမ်းနှင့် ပေ(၈၀)လမ်း နိုင်လွန်ကတ္တရာ လမ်းများ ခမ်းကျင်းပြီးစီးမှုနှင့် မုံရွာမြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ မြို့သန့် ရှင်းသာယာလှပရေးနှင့် သောက်သုံးရေသန့်ရရှိရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ ဌာနဆိုင်ရာရုံးများအနီးနှင့် ရပ်ကွက်များအတွင်း ကွန်ကရစ်လမ်း၊ ကတ္တရာလမ်းများ ခင်းကျင်းနေမှုလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပထမပိုင်း အခမ်းအနားအား ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မြဝတီရပ်ကွက်၊ အောင်သပြေလမ်းနှင့် အေးရိပ်သာ နိုင်လွန်ကတ္တရာလမ်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး လမ်းပန်ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွန်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်တင်မိုးတို့က အောင်သပြေလမ်းနှင့် အေးရိပ်သာလမ်း နိုင်လွန်ကတ္တရာလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက အဆိုပါ လမ်းမုဒ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ လမ်းအား ကြည့်ရှု စစ်ဆေးခဲ့ကြသည်။ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် သလ္လာရပ်ကွက်၊ ပေ(၈၀) နိုင်လွန်ကတ္တရာလမ်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး လမ်းပန်ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွန်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် မုံရွာခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ ဦးဇော်တင်မိုးတို့က ပေ(၈၀) နိုင်လွန်ကတ္တရာလမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက အဆိုပါ လမ်းမုဒ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ လမ်းအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ အောင်သပြေ နိုင်လွန်ကတ္တရာလမ်းသည် အလျား(၃၂၄၅)ပေ အကျယ် (၁၈)ပေနှင့်ထု ၃ လက်မခွဲ၊ အေးရိပ်သာ နိုင်လွန်ကတ္တရာလမ်းသည် အလျား(၈၄၀၀)ပေ အကျယ် (၂၀) ပေ၊ ထု ၃ လက်မခွဲနှင့် ပေ(၈၀) နိုင်လွန်ကတ္တရာလမ်းသည် အလျား (၃၇၂၀)ပေ အကျယ် (၁၈)ပေ၊ ထု ၃ လက်မခွဲရှိ လမ်းများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ၂၀၂၁-၂၀၂၂ ခုနှစ်၊ (၆)လဘက်ဂျက် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂)ကို ဇန်နဝါရီလ(၁၃)ရက်၊ နံနက်(၉) နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများအနေဖြင့် ဦးတည်အုပ်စုအလိုက် Phase 6 ကာကွယ်ဆေးများကို လျာထားရည်မှန်းချက်များအတိုင်း အောင်မြင်စွာ ထိုးနှံနိုင်ရေး အတွက် တာဝန်ရှိသူများက အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးများအား မြို့နယ်များသို့ စနစ်တကျခွဲဝေပေးရေး၊ ဆေးများကို ပျက်စီးမှုမရှိ အောင် သည်ဆောင်ထိန်းသိမ်းရေးနှင့် အချိန်မီရောက်ရှိရေး၊ ထိုးနှံနိုင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အထူးအလေးထား ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊  ကူးစက်မှု များ လျော့ကျသွားသော်လည်း အသိပညာပေးခြင်းနှင့် ကြပ်မတ်စစ်ဆေးမှုများအား မလျော့ချဘဲ သက်မှတ်စည်းကမ်းချက်များအတိုင်း ပြုမူနေထိုင်ကာ လိုက်နာရန်လိုအပ် ပါကြောင်းနှင့် အခြေအနေပေးသည့် နေရာများတွင် ရောဂါပိုးစစ်ဆေးခြင်းနှင့် ကာကွယ် ဆေးထိုးနှံခြင်းကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံနိုင်ရေးအတွက် တာဝန်ရှိများက စာရင်းများကြိုတင်ပြုစု ပြင်ဆင်ထားကြရန် လိုအပ်ပါကြောင်း၊ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား သက်မှတ်စုနှင့် ရွေ့လျားဆောင်ရွက်မှုရပ်များတွင် အဆင်ပြေစွာ ဆေးထိုးနှံရေးအတွက် တာဝန်ရှိသူများ က အသိပညာပေးခြင်းလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်သွားကြရန် လိုအပ် ပါကြောင်း  ” ပြောကြားခဲ့သည်။ ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောဂါပိုး စစ်ဆေးတွေ့ရှိမှု၊ ဆေးရုံတက်ရောက် ကုသမှုနှင့်ဆေးရုံဆင်းမှု၊ အောက်ဆီဂျင်ထုတ်လုပ် သုံးစွဲမှု၊ သတ်မှတ်လျာထားချက်ပြည့်မီအောင် ကာကွယ်ဆေးထိုးနှံမှု အခြေအနေများနှင့် လုံခြုံရေးဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြချက်များ အပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

ဇန်ဝါရီလ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး သစ်တောစိုက်ခင်းတည်ထောင်ခြင်းနှင့် ပျိုးဥယျာဉ်သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ(၁၂)ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့နယ်သစ်တော ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ သင်တန်းသား များ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က အဖွင့်အမှာစကား ပြောကြား ပြီး တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက သင်တန်းဖွင့် လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သင်တန်းသားများအတွက် သင်ထောက်ကူပစ္စည်းများအား သင်တန်းသားတစ်ဦးထံ ပေး အပ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနတို့မှပူးပေါင်း၍ တိုင်းဒေသကြီးအတွင်း ဌာနများအလိုက် ဆောင်ရွက်နေသော အခြေအနေများကို ပြသထားသော ပြခန်းအားလှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး မုံရွာမြို့ နယ် သစ်တောဦးစီးဌာနရုံးဝန်းအတွင်းရှိ နန္ဒဝန်ပျိုးဥယျာဉ်၌ ၂၀၂၂-ခုနှစ်၊ မိုးရာသီတွင် စိုက်ပျိုးမည့် ပျိုးပင် - ၂၇ မျိုး၊ ပျိုးပင်ပေါင်း - ၁၆၇၉၄၉ (တစ်သိန်းခြောက်သောင်း ခုနှစ် ထောင့်ကိုးရာ လေးဆယ့်ကိုး) ပင်၊ ပျိုးထောင်ပြုစုထားမှုနှင့် စိုက်ပျိုးနေမှုတို့အား လှည့် လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ သစ်တောစိုက်ခင်းတည်ထောင်ခြင်းနှင့် ပျိုးဥယျာဉ်သင်တန်းသို့ တိုင်းဒေသ ကြီးအတွင်းရှိ မုံရွာခရိုင်၊ ယင်းမာပင်ခရိုင်၊ ရွှေဘိုခရိုင်၊ ကန့်ဘလူခရိုင်တို့မှ သင်တန်းသား (၃၀)ဦး တက်ရောက်သွားမည်ဖြစ်ပြီး သင်တန်းအား ဇန်နဝါရီလ (၁၂)ရက်နေ့မှ ဇန်နဝါရီလ (၁၄)ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဇန်နဝါရီလ(၁၁)ရက်၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ တွင် ကျင်းပသော အစည်းအဝေးသို့ တိုင်းဒေသကြီး မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၂)သို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး တိုင်းဒေသ ကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးသန်းလွင်က မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထား ခြင်းများနှင့် ပတ်သက်၍ ရှင်းတင်းတင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အဖွဲ့ဝင်များက လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားခြင်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြ ချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိ သည်။

သတင်း အချက်အလက်