မုံရွာ နိုဝင်ဘာ ၁၇

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသည့် အစီအစဉ်အဖြစ် “တူယှဉ်တွဲ ပျော် ဂီတပွဲတော် ” တေးသီချင်းသီဆိုမှုနှင့် ဖျော်ဖြေပွဲအတွက် တိုင်းဒေသကြီးကိုယ်စားပြု ရွေးချယ်ပြိုင်ပွဲကို နိုဝင်ဘာလ (၁၆)ရက်၊ နံနက် (၉)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အဆိုရှင် ရွေးချယ်ပြိုင်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဂီတဝါသနာရှင်များ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်များမှ ပြိုင်ပွဲဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသည့် အစီအစဉ်အဖြစ် “ တူယှဉ်တွဲပျော် ဂီတပွဲတော်” တေးသီ ချင်းသီဆိုမှုနှင့် ဖျော်ဖြေပွဲအတွက် တိုင်းဒေသကြီးကိုယ်စားပြု ရွေးချယ်ပြိုင်ပွဲတွင် တိုင်းဒေသကြီး ကိုယ်စားပြု အဆိုရှင်များ သီဆိုယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးပြီး အကဲဖြတ်ဒိုင်များအား ရင်းရင်းနှီးနှီးနုုတ်ဆက်ကာ တိုင်းဒေသကြီး ကိုယ်စားပြု အဆိုရှင်များဖြစ်သည့်အတွက် အရည်အသွေးရှိသူများကို စီစစ်ရွေးချယ်ပေးရေး၊ ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မွန်းလွဲ ပိုင်းတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသည့် အစီအစဉ်အဖြစ် “ တူယှဉ်တွဲပျော် ဂီတပွဲတော် ” တေးသီချင်းသီဆိုမှုနှင့် ဖျော်ဖြေပွဲအတွက် တိုင်းဒေသကြီးကိုယ်စားပြု ရွေးချယ်ပြိုင်ပွဲ ဆုချီးမြင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြရာ အကဲဖြတ်ဒိုင်များနှင့် ပြိုင်ပွဲဝင်အဆိုရှင်များမှ ဧည့်ခံ ဖျော်ဖြေကြသည်။

ယင်းနောက် ဆုချီးမြင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်းက ဆုရွေးချယ်ရေးစည်းမျဉ်းစည်းကမ်းများအား ဖတ်ကြားပြီး တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်လှလှဝင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ပြိုင်ပွဲဝင်အဆိုရှင်များအား ဂုဏ်ပြုလက်မှတ်များအားလည်းကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က အထူးဆု (၂)ရရှိသူအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များအား လည်းကောင်း၊  တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်က အထူးဆု(၁)ရရှိသူအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြု လက်မှတ်များအား လည်းကောင်း ဆုများပေးအပ် ချီးမြင့်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက တတိယဆုရရှိသော ရွှေဘိုခရိုင်ကိုယ်စားပြု ဒေါ်ခင်သက်တင်အား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက ဒုတိယဆု ရရှိသော ခန္တီခရိုင် ကိုယ်စားပြု ဒေါ်စုလက်ဖြူအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ပါဝင်တီးခက်ပေးသော တီးဝိုင်းအဖွဲ့အား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များအား လည်းကောင်း အသီးသီးပေးအပ်ချီးမြင့် ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပထမဆုရရှိသော စစ်ကိုင်းခရိုင် ကိုယ်စားပြု ဦးအောင်မြင့်သိန်းအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များအား ပေးအပ်ချီးမြင့်ပြီး ကူညီဆောင်ရွက်ပေးခဲ့သော အကဲဖြတ်ဒိုင်များကိုယ်စား အဆိုရှင်ဒေါ်သန္တာထံ ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များအား ပေးအပ်ချီးမြင့်ကာ ဆုရရှိကြသူများမှ ပြန်လည်သီဆိုဖျော်ဖြေပြီး အခမ်း အနားကို ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုတေးသီချင်း သီဆိုမှု ပြိုင်ပွဲအတွက် တိုင်းဒေသကြီးကိုယ်စားပြု အဆိုရှင်များ သီဆိုယှဉ်ပြိုင်ပွဲတွင် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်များမှ ပြိုင်ပွဲဝင်(၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း အချက်အလက်