မုံရွာ နိုဝင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးရာ ဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် နိုဝင်ဘာလ(၂၀)ရက်၊ နံနက်ပိုင်းတွင် ကလေးခရိုင်၊ ကလေးမြို့၊ ကလေးတက္ကသိုက် အစည်းအဝေးခန်းမသို့ ရောက်ရှိရာ ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူး များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားသည်။
ဆက်လက်၍ ကလေးတက္ကသိုလ် ပါမာက္ခချုပ် ဒေါက်တာယောဟန်ထွန်းက ကလေးတက္ကသိုင် သင်ကြားရေး၊ အုပ်ချုပ်ရေး၊ သန့်ရှင်းသက်ရပ်ရေးများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ ပါမောက္ခချုပ်ဆရာကြီးထံ ကလေးတက္ကသိုလ်ရှိ ဆရာ/ ဆရာမများအတွက် စားသောက်ဖွယ်ရာများအား ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်း စွာ ပညာသင်ကြားနေမှုအား ကြည့်ရှုအားပေးပြီး ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ဆရာများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်အားပေးကာ ကျေားင်းအုပ်ဆရာကြီးထံ ငွေကျပ် - ၅ သိန်းတန်ဖိုးရှိ စားသောက်ဖွယ်ရာများနှင့် Mark ၂၅၀၀ ခုအား ပေးအပ်ခဲ့ပြီး သင်ကြားရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ကလေးမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့က ခရိုင်နှင့် မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောက်ရွက်နေမှု၊ အခွန်အခကောက်ခံနေမှု အခြေအနေများ၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်ထားရှိမှုနှင့် ၁၂ နှစ်အထက် ကျောင်းသား၊ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံနေမှု၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသခံပြည်သူ များအား နိုင်ငံသားစီစစ်ရေး ကတ်ပြားများဆောင်ရွက်ပေးနေမှု၊ မြို့သန့်ရှင်းသာယာ သက်ရပ်ရေး ဆောင်ရွက်နေမှုလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့တာဝန်ယူ ဆောင်ရွက်နေသော ဌာနလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းပြောကြားကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကလေးမြို့၊ ကုတင် ၃၀၀ ပြည် သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာဝန်၊ သူနာပြုများနှင့် ဝန်ထမ်းများ၊ ဆေးကု သမှုခံယူနေသော လူနာများအတွက် ငွေကျပ် ၅ သိန်းတန်ဖိုးရှိ စားသေက်ဖွယ်ရာများနှင့် အောက်ဆီ ဂျင် ကွန်ဆန်ထွေတာ ၅ လုံး၊ ၄၀ လီတာဆံ့ အောက်ဆီဂျင် - ၂၀ အိုးအား ဆေးရုံအုပ်ကြီးထံ ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အသီးသီး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ဌာနဆိုင်ရာတာဝန်ရှိသူများကို မိမိတို့ထမ်းဆောင်ရသည့် တာဝန်များအားကျေပြွန်စွာ ထမ်းဆောင်သွားရေးကို အလေးအနက်ထား မှာကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ကလး မြို့၊ မင်္ဂလာဥယျာဉ်ကျေးရွာရှိ၊ တောင်သူဦးမောင်မျိုး ကွင်းအမှတ် - ၈၄၃ ၊ စပါးမျိုးကွဲ ဧရာမင်း - ၄.၅၀ ဧက၊ အတန်းအစားသင့်အဆင့်ရှိ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ တက်ရာက်ရာ ကလေးခရိုင် စက်မှုလယ်ယာဦးစီးမှူးနှင့် တာဝန်ရှိသူများက ခရိုင်အတွင်း မိုးစပါးစိုက်ပျိုးထားရှိမှုနှင့် အောင်မြင် ဖြစ်ထွန်းမှု များအား ရှင်းလင်းတင်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်သူများအတူ မိုးစပါးစံကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးပြီး ၎င်းနေရာအနီးတွင် ဒေသခံတောင်သူ ၆၇ ဦး စိုက်ပျိုးထားသည့် လယ်မြေ- ၃၂၈ ဧက အား အကျိုးပြုမည့် အရှည် ၁ မိုင်၊ အကျယ် ၁၂ ပေ ကျောက်ခင်းကုန်ထုတ်လမ်းဖောက်လုပ် နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနိုုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။