မုံရွာ ဒီဇင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေး ရာဝန်ကြီး ဦးအေးလိူင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာလ (၄)ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးသို့ ရောက်ရှိရာ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွဠ်ဦးက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မီးဘေးအန္တရာယ်၊ သဘာ၀ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ကြိုတင်ပြင်ဆင်ထားရှိမှု လုပ်ငန်းများ၊ အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေးပစ္စည်းများစုဆောင်းထားရှိမှုနှင့် မြို့နယ်များရှိမီးသတ်စခန်းများ တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် သဘာ၀ဘေးအန္တရာယ်ဖြစ် ပေါ်လာပါက အရေးပေါ်ရေပြင်/မြေပြင် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး အထောက် အကူပြုပစ္စည်းများအသုံးပြုခြင်း၊ တိုင်းဒေသကြီး အတွင်းရှိမြို့နယ်များတွင် မီးလောင်မှုများဖြစ်ပွားပါက မီးငြိမ်းသတ်ရေးယာဉ်များတွင် တပ်ဆင်ထားသော Camera များမှတဆင့် ညွှန်ကြားကွပ်ကဲနိုင်သည့် Command & Control Center တို့အား တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွဠ်ဦး က လိုက်လံရှင်းလင်းပြသပြီး မီးသတ်တပ်ဖွဲ့ဝင်များမှ စွမ်းရည်သရုပ်ပြသခြင်းနှင့် Luf 60 အဝေးထိန်းစနစ်သုံး မီးငြိမ်းသတ်စက်များဖြင့် မီးငြိမ်းသတ်နေမှုသရုပ်ပြသခြင်း၊ Truntable Ladder လှေကားတင်မီးငြှ်ိမ်းသတ်ယာဉ်နှင့် မီးငြိမ်းသတ်မှု သရုပ်ပြသမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ စိန်ပန်းဝါလမ်း၊ ပြည်ထောင်စုလမ်းမှ ဗိုလ်ချုပ်လမ်းအထိ အရှည် ၂၅၆၀ ပေ၊ အကျယ် ၁၈ ပေ၊ ၃ လက်မထု နိုင်လွန်ကတ္တရာ ခင်းကျင်းပြီးစီးမှုနှင့် မြို့သစ်ရပ်ကွက်၊ အောင်မြေလမ်း ပြည်ထောင်စုလမ်းမှ ဗိုလ်ချုပ်လမ်းအထိ အရှည် ၂၅၀၀ ပေ၊ အကျယ် ၁၈ ပေ၊ ၃ လက်မထု နိုင်လွန်ကတ္တရာခင်းကျင်းနေမှု လုပ်ငန်းများအား တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြား ရေးမှူး ဦးသစ်ထူးမြင့် က လိုက်လံရှင်းလင်းပြသကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်လွန်ကတ္တရာလမ်းများ ခင်းကျင်းနေမှု လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိုင်လွန်ကတ္တရာလမ်းများ ခင်းကျင်းနေမှုအား ကြည့်ရှုစစ်ဆေးပြီး မုံရွာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများက ရပ်ကွက်များအတွင်း သစ်ပင်ခြုံနွယ်များ ရှင်းလင်းပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြိ့၊ အလုံမင်းဒေါင့်၊ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်တွင် ဌာနဆိုင်ရာများနှင့် လူမူရေးအသင်းအဖွဲ့များ ပူးပေါင်း၍ မုံရွာမြို့အနီးအနားဝန်းကျင်နှင့် ယင်းမာပင်ခရိုင်အတွင်းရှိ ကျေးရွာများမှ မုံရွာမြို့သို့ လာရောက်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် ခရီးသွားပြည်သူများအား ကာကွယ်ဆေးများထိုနှံပေးနေမှုအား ကြည့်ရှုအားပေးပြီး ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။

သတင်း အချက်အလက်