ဒီဇင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၃/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကို ဒီဇင်ဘာလ(၁၇)ရက်၊ မွန်းလွဲ(၁)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားရာတွင် “စစ်ကိုင်းတိုင်းဒေသကြီးမှာ ပြည်တွင်ခရီးသွားများ စိတ်ဝင်စားတဲ့ ထင်ရှားတန်ခိုးကြီးတဲ့ ဘုရားပုထိုးစေတီများရှိတဲ့အပြင် ပြည်တွင်း/ပြည်ပ ခရီးသွားများစိတ်ဝင်စားတဲ့ တောတောင်သဘာဝနဲ့ တိုင်းရင်းသားရိုးရာ ဓလေ့များကို လေ့လာနိုင်တဲ့ ခရီးသွားဇုန်(၆)ဇုန်နှင့် ခရီးစဉ်(၅၄)နေရာ ရှိပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကိုဗစ်-၁၉ ကာလကာကွယ်ထိန်းချုပ်၊ စည်းကမ်းချက်များနှင့်အညီ ဟိုတယ်/တည်းခိုရိပ်သာများ ပြန်လည် ဖွင့်လှစ်ထားပြီးဖြစ်ကာ တိုင်းဒေသကြီးအတွင်း ပြည်တွင်းခရီးသွားများဖြင့် ခရီး သွားလုပ်ငန်းပြန်လည် ဖွံ့ဖြိုးလာအောင် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း ” ပြော ကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦးမှ (၂၈-၁၀-၂၀၂၁)ရက်တွင် ကျင်းပခဲ့သော ခရီးသွားလုပ်ငန်း ကော်မတီ၏ ဆုံးဖြတ်ချက်များ၊ တိုင်းဒေသကြီးအတွင်း ဟိုတယ်/ တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင်ပေးထားမှု အခြေအနေများ၊ နိုဝင်ဘာလအတွင်း တိုင်းဒေသကြီးရှိ ဟိုတယ်/တည်းခိုရိပ်သာ၊ စည်ပင်သာယာတည်းခိုခန်းများတွင် ခရီးသွားဝင်ရောက် တည်းခို မှုအခြေအနေများ၊ နိုဝင်ဘာလအတွင်း တိုင်းဒေသကြီးအတွင်းရှိ ထင်ရှားသည့် ခရီးစဉ်များကို ခရီးသွားများလာရောက်လည်ပတ်မှု အခြေအနေများ၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင် စင်သက်တမ်းတိုးတင်ပြခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီး အကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြော ကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။