ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ တန်ဘိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ် (၂/၂၀၂၁) ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ(၂၀)ရက်၊ နံနက်(၉)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်ခန်းမတွင် ကျင်းပရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မိမိတို့ဒေသနဲ့ စီးပွားရေးလုပ်ငန်းခွင် အခြေအနေများအရ လိုက်လျောညီထွေမှုရှိစေတဲ့ တစ်နည်းအားဖြင့် အခြေအနေပေးမဲ့ လုပ်ငန်းများအတွက် အသက်မွေးမှုနဲ့ ကျွမ်းကျင်မှုသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးသွားရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကလေးအလုပ်သမား ပပျောက်ရေးသည် အလုပ်သမားများ၏ လူမူအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးရသည့် လုပ်ငန်းများဖြစ်ခြင်းကြောင့် အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့်သက်မှတ်ပြီး သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ အနေဖြင့် မဖြစ်မနေ ညှိနိုင်းစီမံ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊  သင်တန်းသူများအဖြင့် သင်တန်းက ပို့ချပေးတဲ့ နည်းပညာရပ်များကို စာတွေ့လက်တွေ့လုပ်ငန်းများ ဆောင်ရွက်ရာမှာ စိတ်ပါ ဝင်စားစွာဖြင့် နာယူမှတ်သားပြီး သင်တန်းကချမှတ်ထားတဲ့ စည်းမျည်းစည်းကမ်းများကိုလည်း အပြည့်အဝလိုက်နာကြပါ၊ အထူးသဖြင့် ရက်တိုကာလ သင်တန်းဖြစ်တဲ့အတွက် သင်တန်းပျက်ရက်မရှိအောင် တက်ရောက်ကြရန် မှာကြားလိုပါကြောင်း ” ပြောကြားခဲ့ သည်။

ယင်းနောက် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ဖြိုးက တန်ဘိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင် တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသော သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနုတ်ဆက် အားပေးပြီး သင်တန်းတွင်အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

အဆိုပါ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ တန်ဘိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ်(၂/၂၀၂၁)သို့ သင်တန်းသူ (၂၀)ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းကာလကို ဒီဇင်ဘာလ (၂၀)ရက်နေ့မှ ဒီဇင်ဘာလ (၂၆)ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

သတင်း အချက်အလက်