ဖေဖော်ဝါရီ ၉

စစ်ကိုင်းတိုင်းဒေသကြီး (၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီလ (၈)ရက်၊မွန်းလွဲပိုင်းကတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာအစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ (၇၅)နှစ်မြောက်၊ စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ကော်မတီဝင်များ၊ တာဝန်ရှိသူများတက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရေးတာဝန်ရှိသူများက အလေးထားဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း၊ အခမ်းအနားများ ကျင်းပရာတွင် လုံခြုံရေးသတိရှိကြရန်မှာကြား လိုပါကြောင်း၊ တာဝန်ရှိသူအားလုံးအနေဖြင့် စိတ်တူကိုယ်တူဖြင့် လုပ်ဆောင်မှသာ အောင်မြင်မှုရရှိမည်ကို သိရှိနားလည်ပါကြောင်း၊တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ အသီးသီးရှိ ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ကော်မတီများအသီးသီးအလိုက် အင်ပြည့် အားပြည့် ဆောင်ရွက်ကြရန် မှာကြားလို ပါကြောင်း ပြောကြားပြီး (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေးကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးအေးလိူင်က (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး အတွက်ကော်မတီအသီးသီးမှ တာဝန်ရှိသူများများက မိမိတို့ တာဝန်ယူ ဆောင်ရွက်နေသော လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြ ကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများမှ လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ကော်မတီအသီးသီးမှ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင် ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ညနေ(၄) နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော တိုင်းဒေသကြီး စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)သို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည် အသွေးပြည့်ဝရေး ကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဗဟိုစာရင်းအင်းအဖွဲ့ တိုင်းဒေ သကြီးတာဝန်ခံမှ စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့်အရည်အသွေးပြည့်၀ရေးဆိုင်ရာအချက်အလက်များနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးစာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့်အရည်အသွေးပြည့်ဝရေးကော်မတီအဖွဲ့ဝင်များက လုပ်ငန်းများနှင့်ပတ်သက်၍ အထွေထွေဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က အသီးသီးဆွေးနွေးတင်ပြချက်များ အပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်း အချက်အလက်