ဖေဖော်ဝါရီ ၁၀

          စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီးကျော်ထွန်း၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျှက် ဖေဖော်ဝါရီလ (၉)ရက်နေ့ နံနက်ပိုင်းတွင် ကောလင်းခရိုင်၊ ပင်ဘည်ဘူးမြို့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေး ခန်းမတွင် မြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမူရေးအသင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ဝန်ထမ်းများအနေဖြင့် မိမိတို့၏လုပ်ငန်းတာဝန်များကို သစ္စာရှိပြီးစည်းလုံးစွာဖြင့် ကျေပွန် အောင်ထမ်းဆောင်နေကြသည့်အတွက် အသိအမှတ်ပြုဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ လူမူမီဒီယာများတွင် ဝန်ထမ်းများနှင့် ပြည်သူများအား အကြောက်တရားဖြစ်ပေါ်လာအောင် ခြိမ်းခြောက်ကာ မဟုတ်မမှန် ပြောဆိုနေမှုများနှင့်၊ လုပ်ဆောင်နေမှုများကို ယုံကြည်လိုက်နာစရာ မလိုပါကြောင်း၊ လုံခြုံရေးအသိသတိတို့ဖြင့် နေထိုင်သွားလာကြရန်နှင့် လုံခြုံရေး၊တည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေး ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင် ဆောင်ရွက်နေမှုအခြေအနေများအား ပြော ကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ ပင်လည်ဘူးမြို့နယ် အတွင်းရှိ မြို့နယ်/ကျေးရွာများတွင် ဆောင်ရွက်ပေးလျှက်ရှိသော ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေး၊  ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင် ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းပြောကြားပြီး ပင်ဘည်ဘူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက ပင်လည်ဘူးမြို့နယ်၏ ဒေသဆိုင်ရာအချက် အလက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဌာနဆိုင်ရာဝန်ထမ်းများ အတွက် ငွေကျပ်- ၁၀ သိန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ထံသို့လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအတွက် ငွေကျပ်-၁၀ သိန်းအား မြို့နယ်ရဲတပ်ဖွဲ့မှူးထံ ပေးအပ်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြို့နယ်တာဝန်ရှိသူများထံ စားသောက်ဖွယ်ရာများ၊ အာလူးနှင့်ကြက်သွန်နီများ အသီးသီးပေးအပ်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိဂုံးချုပ်စကား ပြောကြားကာ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ကောလင်းခရိုင်၊ ကောလင်းမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမူရေးအသင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများမှ ကောလင်းခရိုင်/မြို့နယ်အတွင်းရှိ မြို့နယ်/ကျေးရွာများတွင် ဆောင် ရွက်ပေးလျှက်ရှိသော ဒေသဖွံ့ဖြိုးရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းပြောကြားပြီး ကောလင်းခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌက ကောလင်းခရိုင်အတွင်းရှိ မြို့နယ်များ၏ ဒေသဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဌာနဆိုင်ရာဝန်ထမ်းများ အတွက် ငွေကျပ်- ၁၀ သိန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ထံသို့လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်နေများအတွက် ငွေကျပ် - ၁၀ သိန်းအား မြို့နယ်ရဲတပ်ဖွဲ့မှူးထံ ပေးအပ်ကာ တိုင်းဒေသကြီး ဝန်ကြိးချုပ်နှင့် တာဝန်ရှိသူများက ပန်းခင်းစီမံချက်အရ ဒေသခံ ပြည်သူများအား နိုင်ငံသားစီစစ်ရေးကတ်ပြားများနှင့် မြို့နယ်တာဝန်ရှိသူများထံ စားသောက် ဖွယ်ရာများ၊ အားလူးနှင့်ကြက်သွန်နီများ အသီးသီး ပေးအပ်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိဂုံးချုပ်စကား ပြောကြားကာ တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာ သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးပြီး အခမ်းအနား ကို ရုပ်သိမ်းခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် ဝန်းသိုမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမူရေးအသင်းအဖွဲ့ဝင်များနှင့်  တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဌာနဆိုင်ရာဝန်ထမ်းများ အတွက် ငွေကျပ်- ၅ သိန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ထံသို့လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်နေများအတွက် ငွေကျပ် - ၅ သိန်းအား မြို့နယ်ရဲတပ်ဖွဲ့မှူးထံ ပေးအပ်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြို့နယ်တာဝန်ရှိသူများထံ စားသောက်ဖွယ်ရာများ၊ အားလူးနှင့်ကြက်သွန်နီများ အသီးသီး ပေးအပ်ကြပြီး တိုင်းဒေ သကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိဂုံးချုပ်စကား ပြောကြားကာ တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်း အချက်အလက်