မုံရွာ ဖေဖော်ဝါရီ ၁၇ ရက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်အတွင်းရှိကျေးရွာများ၌ NLD ပါတီ ထောက်ခံသူ အစွန်းရောက်အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့ခြိမ်း ခြောက်လူသတ်မှု၊ မိုင်းထောင်ဖောက်ခွဲမှု၊ မီးရှို့မှုများကြောင့် ထွက်ပြေးတိမ်း ရှောင်နေကြရပြီး မိမိတို့၏အသက်အိုးအိမ်စည်းစိမ် လုံခြုံစိတ်ချရသည့်နေရာများတွင် ခေတ္တနေထိုင်နေကြရသူများအား နေထိုင်စားသောက်မှုအဆင်ပြေစေရန်နှင့် ၎င်းတို့၏ ဒေသများတွင် ပြန်လည်တည်ထောင်နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်တာ ဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ နှင့်အင်မထီးကျေးရွာ များမှ NLD ပါတီထောက်ခံသူ အစွန်းရောက်အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့များ၏ဥပဒေမဲ့ခြိမ်းခြောက်လူသတ်မှု၊ မိုင်းထောင်ဖောက်ခွဲမှု၊ မီးရှို့ဖျက်ဆီးမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသော ဒေသခံပြည်သူများအား လုံခြုံစိတ်ချရသည့်နေရာများတွင် ပြန်လည် ခေါ်ယူစုစည်း၍ လုံခြုံရေးနှင့်နေထိုင်စား သောက်နိုင်ရေးစီစဉ်ပေးခဲ့ပြီး ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ပြီး တာဝန်ရှိသူများ နှင့်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ NLD ပါတီထောက်ခံသူ အစွန်းရောက်အကြမ်းဖတ်အဖွဲ့နှင့် PDF အကြမ်းဖတ်အဖွဲ့များ၏ မီးရှိုဖျက်ဆီးမှုများကြောင့် ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ၊ အိမ်ထောင်စုများအတွက် ငွေကျပ်(၉၃)သိန်း၊ ဆန်အိတ်(၃၁) အိတ်နှင့် ဆီ(၃၁၀)ပိဿ၊ သေဆုံးသူများအတွက် ငွေကျပ်(၁၀)သိန်းနှုန်းဖြင့် (၄)ဦးအတွက် သိန်း(၄၀)နှင့် အနောက် မြောက်တိုင်းစစ်ဌာနချုပ်မှ ငါးခြောက်များ၊ အဝတ်အထည်များ၊ စားသောက်ဖွယ်ရာများ၊ လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ထောင်စုများအတွက် တစ်အိမ်(၂)သိန်းကျပ်နှုန်းဖြင့် အိမ်ထောင်စု(၃၁) အိမ်ထောင်စုအတွက် စုစုပေါင်းငွေကျပ် (၇၇၆၀၀၀၀- ခုနှစ်ဆယ့်ခုနှစ်သိန်းခြောက်သောင်း)နှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး အင်မထီးကျေးရွာအတွက် တိုင်းဒေသအစိုးရအဖွဲ့မှ ငွေကျပ် (၄၀၇)သိန်း၊ သေဆုံးသူများအတွက် ငွေကျပ်(၁၀)သိန်းနှုန်းဖြင့် (၂)ဦးအတွက် သိန်း(၂၀) နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စားသောက်ဖွယ်ရာများနှင့် အဝက် အထည်များ၊ လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ထောင်စုများအတွက် တစ်အိမ်(၂)သိန်းကျပ် နှုန်းဖြင့် အိမ်ထောင်စု (၂၁၉) အိမ်ထောင်စုအတွက် စုစုပေါင်း ငွေကျပ်(၄၄၁.၅)တို့အား ပေး အပ်ခဲ့ကြောင်း သတင်းရရှိသည်။