မုံရွာ ဧပြီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီးတရာသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ လိုက်ပါလျက်  ၁၃၈၃-ခုနှစ်၊ (၂၀၂၂-ခုနှစ်) မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဧပြီလ(၁၄)ရက်နေ့ သင်္ကြန် အကျနေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ကန်သာယာဗဟိုမဏ္ဍပ်သို့ ရောက်ရှိကြသည်။ ရှေးဦးစွာ ဗဟိုမဏ္ဍပ်မှ ယိမ်းအကလှပျိုဖြူများ၊ ရုပ်ရှင့်နှင့်ဗီဒီယိုသရုပ်ဆောင်များက အကအလှများဖြင့် သီဆိုဖျော်ဖြေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြကာ ယိမ်းအကဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဇနီးနှင့် တာဝန်ရှိသူများက အတာရေများပက်ဖျန်းပေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တာဝန်ရှိသူများသည် ကန်သာယာအနီး ကန်ပတ်လမ်းပေါ်ရှိ တိုင်းရင်းသားရေးရာဝန်ကြီးဌာနမဏ္ဍပ်၊ ဗိုလ်ချုပ် လမ်းပေါ်ရှိ သယံဇာတရေးရာ ဝန်ကြီးဌာန ရွှေပိတောက်မဏ္ဍပ်နှင့် စီးပွားရေးရာဝန်ကြီးဌာန ချင်းတွင်းမေမဏ္ဍပ်များသို့ ရောက်ရှိကာ မဏ္ဍပ်များမှ ယိမ်းအကလှပျိုဖြူများက အကအလှ များဖြင့်ဖျော်ဖြေကြြပီး ဖျော်ဖြေသည့် ယိမ်းအကအလှအဖွဲ့များ၊ ရုပ်ရှင်သရုပ်ဆောင်များနှင့် အဆိုတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက  ဆုများအသီးသီးချီးမြင့်ခဲ့ကြပြီး ရေကစားမဏ္ဍပ်များတွင် ပြည်သူများပျော်ရွှင်စွာ ရေကစား နေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြ သည်။   ညနေပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တာဝန်ရှိသူများသည် ဗိုလ်ချုပ်လမ်းပေါ်ရှိ သယံဇာတရေးရာဝန်ကြီးဌာန ပိတောက်ရွှေဝါမဏ္ဍပ်နှင့် ကန်သာယာ ပြည်ထောင်စု ကျွန်းပေါ်ရှိ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန အမှတ် ၁နှင့်၂ မဏ္ဍပ်များသို့ ရောက်ရှိကာ မဏ္ဍပ်များမှ ယိမ်းအကလှပျိုဖြူများက အကအလှများဖြင့်ဖျော်ဖြေကြပြီး ဖျော်ဖြေသည့် ယိမ်းအကအလှအဖွဲ့များ၊ ရုပ်ရှင်သရုပ်ဆောင်များနှင့် အဆိုတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက  ဆုများအသီးသီးချီးမြင့်ခဲ့ကြပြီး ရေကစားမဏ္ဍပ်များတွင် ပြည်သူများပျော်ရွှင်စွာရေကစားနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။  

 

 

သတင်း အချက်အလက်