မုံရွာ စက်တင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃-ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို စက်တင်ဘာလ ၈ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ မုံရွာမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ ဝထကလသ ” သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်က ကမ္ဘာ့နိုင်ငံအသီးသီးတွင် စာမတတ်သူ များရှိနေသည့်အတွက် စာမတတ်သူများအား စာတတ်မြောက်သူများဖြစ်လာစေရေး စာတတ် မြောက်ရေးလုပ်ငန်းအား ပိုမိုထိရောက် ပေါက်မြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ နှစ်စဉ်နှစ်တိုင်း စက်တင်ဘာလ(၈)ရက်နေ့အား "နိုင်ငံတကာစာတတ်မြောက်ရေးနေ့" အဖြစ် ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စာတတ်မြောက်ရေး လုပ်ငန်း သည် အဓိကအရေးပါပြီး ကြီးမားကျယ်ပြန့်သည့် လုပ်ဆောင်ချက်ဖြစ်တဲ့အတွက် ကျောင်း သင် ပညာရေး တစ်မျိုးတည်းသာမကဘဲ ပညာသင်ယူမှု နည်းလမ်းသုံးသွယ်ဖြစ်သည့် ကျောင်းတွင်း ပုံစံတကျသင်ယူခြင်း၊ ကိုယ်တိုင်သင်ယူခြင်း၊ ကျောင်းပြင်ပသင်ယူခြင်းတို့ဖြင့် စာတတ်မြောက် သူ ပိုမိုတိုးပွားလာအောင် ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ စာတတ်မြောက်မှုမှတစ်ဆင့် အသိပညာ၊ အတတ်ပညာ၊ ဉာဏ်ပညာ များရရှိသည်အထိ သင်ယူမှုချဲ့ထွင်သင်ယူသွားကြရန်နှင့် စာပေကိုအခြေခံပြီး မိမိကိုယ်တိုင်အတွက် သာမက မိမိတို့၏မိသားစုအတွက်ရော နိုင်ငံ အတွက်ပါ အကျိုးပြုပေးနိုင်သည့် လူသားအရင်းအမြစ်များ ဖြစ်လာအောင် ကြိုးပမ်းအားထုတ် သင်ယူသွားကြရန်လိုအပ်ပါကြောင်း၊ ကျောင်းနေအရွယ် ကလေးကျောင်းနေရေးနှင့် ကျောင်းနေ မြဲရေးအပါအဝင် စာမတတ်သူ ပပျောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကလေးသူငယ် များ၏ ပညာသင်ယူမှုအခွင့် အလမ်းအားနည်းချက်များ၊ အတားအဆီးများအားသိရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူအားလုံးမှ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် သင်ယူမှု အခွင့် အလမ်းများရရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် က ကမ္ဘာ့ကုလသမဂ္ဂမှပေးပို့သည့် ယူနက်စကိုညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာအား ဖတ်ကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံ စာတ်မြောက်ရေးလှုပ်ရှားမှု Video Clip အား ကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အထက်တန်းနှင့်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက အထက်တန်းနှင့် အလယ်တန်းအဆင့် ကဗျာပြိုင်တွင် ဆုရရှိသော ကျောင်းသား၊ကျောင်းသူများအား ဆုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေ များအားလည်းကောင်း၊ တိုင်းဒေသကြီး ပညာရေးမှူးမှ အထက်တန်းနှင့် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ကျောင်းသူများအားလည်းကောင်း ဆုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ မုံရွာမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက “ စေတနာပန်းတို့ လန်းရာမြေ ” သီချင်းသီဆိုပြီး တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်းက သီဆိုဖျော်ဖြေခဲ့ ကြသော ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓါတ်ပုံရိုက်ကူး ကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက် လံနှုတ်ဆက်အားပေး ကာ ပြခန်းတွင်ပြသထားသော နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ဆုရ စာစီစာကုံး၊ ကဗျာ၊ ပန်းချီများနှင့် မှတ်တမ်းဓါတ်ပုံများအား လိုက်လံ ကြည့်ရှုအားပေးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။