မုံရွာ ၊ ဖေဖော်ဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် အခြေခံပညာစာမေးပွဲများဖြေဆိုရေး ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၇ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာန ဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တက္ကသိုလ်ဝင်စာမေးပွဲ (Grade 12)စာမေးပွဲအား တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၅)မြို့နယ်၊ စာစစ်ဌာန(၃၈)ခုဖြင့် ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ပြီး မေးခွန်းများအချိန်မီ ရောက်ရှိရေးအား တာဝန်ရှိသူများမှ အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အခြေခံပညာကျောင်း စာမေးပွဲများနှင့် တက္ကသိုလ်ဝင်စာမေးပွဲများ ကျင်းပစဉ်ကာလတွင် အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများ နှင့်ဌာနဆိုင်ရာများအားလုံး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ကျောင်းတွင်းစစ်စာမေးပွဲများ၊(Grade 5)၊ (Grade 9)နှင့် တက္ကသိုလ်ဝင်စာမေးပွဲ (Grade 12)များ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ပညာရေးမှူး ဦးတင်လိူင်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် အခြေခံပညာစာမေးပွဲများ ဖြေဆိုရေးလုပ်ငန်းများ ဆောင်ရွက်ထား ရှိမှုများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် အခြေခံပညာစာမေးပွဲများ ဖြေဆို ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်း အချက်အလက်