မုံရွာ နိုဝင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး ၁၀/၂၀၂၃ ကို နိုဝင်ဘာ လ ၂၈ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်း ပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း ဘဏ္ဍာနှစ်အလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ မြန်မာနိုင်ငံ သားရင်းနှီးမြှုပ်နှံမှုတို့ အားမျှော်မှန်းထားသည့်အတိုင်း ဝင်ရောက်လာနိုင်ရေး ကြိုးပမ်းဆောင် ရွက်ရန် လိုအပ်ပါကြောင်း၊ ခွင့်ပြုမိန့်ပေးထားသည့် လုပ်ငန်းများ၏ Permit ပေးထားသည့် အချိန်၊ အဆိုပါလုပ်ငန်း၏ စီးပွားဖြစ်စတင်သည့်နေ့၊ လုပ်ငန်းအမျိုးအစား၊ တည်ဆောက်မှု အခြေအနေ၊ လည်ပတ်မှုအခြေအနေ သို့မဟုတ် ယာယီရပ်ဆိုင်းမှုများအား စနစ်တကျ ပြုစုကြပ် မတ်ထားရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် MSME စီးပွားရေးလုပ်ငန်းများအား ပံ့ပိုးမြှင့်တင်နိုင်ရန် အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအားဖွဲ့စည်းပြီး အရှိန်အဟုန်မြှင့်ကာ အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင် ရွက်လျက်ရှိပါကြောင်း၊ DICA အနေဖြင့်လည်း MSME လုပ်ငန်းများ၏ ထုတ်ကုန်များအား နိုင်ငံခြားတင်ပို့ရောင်းချနိုင်ရေးအတွက် MSME လုပ်ငန်းများကို ကုမ္ပဏီ တည်ထောင်နိုင်ရေး အတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ MSME လုပ်ငန်း များအား ကုမ္ပဏီထူထောင်ရာမှတစ်ဆင့် MSME လုပ်ငန်းများအတွက် နည်းပညာရရှိရေး၊ အရင်းအနှီးငွေရရှိရေးအတွက် နိုင်ငံခြားကုမ္ပဏီတွေနှင့် ချိတ်ဆက်ပေးသွားကြရန် မှာကြားလို ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့်လည်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်ရန်အတွက် စိတ်ဝင် စားလို့လာရောက်ဆက်သွယ်သည့် လုပ်ငန်းရှင်များအား အဖက်ဖက်မှ ဝိုင်းဝန်းကူညီသွားကြရန်
နှင့်ရင်းနှီးမြှုပ်နှံရန် လာရောက်ဆက်သွယ်သည့် လုပ်ငန်းရှင်များအား မိမိတို့တိုင်းဒေသကြီး အတွင်း ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ လွယ်ကူချော မွေ့စွာဆောင်ရွက်နိုင်ရေးကို အထူးအလေး ထား ဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းအခြေအနေများ၊ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှု ကော်မတီ၏ အတည်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် Taw Win Myanmar Sanyu Co.,Ltd မှ ကေ်ာမတီအတည်ပြုမိန့်ပါ ရင်းနှီးမြှုပ်နှံမှုပမာဏ ပြောင်းလဲပြင်ဆင်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စနှင့် နိုဝင်ဘာလအတွင်း ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သည့် လုပ်ငန်းအခြေ အနေများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ အဖွဲ့ဝင်များက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ဖြည့်စွက် အကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင် ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

20231128 15

20231128 15

မုံရွာ ၊ နိုဝင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဒုတိယအကြိမ် သံဃာတော် အပါး ၁၀၀၀ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူပွဲ အခမ်းအနားကို နိုဝင်ဘာ လ ၂၇ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ရာပြည့်ကပ်ကျော်စေတီတော်ကြီးတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး၊ တိုင်းဒေသကြီး တရားသူချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ နှင့်ဇနီးများ၊ တပ်မတော်အရာရှိကြီးများ၏ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ သာစံကျောင်းတိုက် သက်တော်ရှည် ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ကိုးပါးသီလခံယူဆောက် တည်ကြသည်။

ယင်းနောက် ပင့်သံဃာဆရာတော်၊ သံဃာတော်များက ရာပြည်ကပ်ကျော်စေတီတော် မြတ်ကြီးအား ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် ရတနသုတ်၊ မေတ္တာသုတ် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြင့်တော်မူကြသည်။

ဆက်လက်၍ ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများ က လှူဖွယ်ဝထ္တုပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက်၊ ပဓာနနာယကဆရာတော် ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တပညာဝံသ ဆရာတော် ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အနုမောဒနာတရားနာယူ ကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေကာ “ ဗုဒ္ဓသာသနံ စိရံတိဌတု ” သုံးကြိမ် ကြိမ်ရွတ် ဆိုဆုတောင်းပြီး ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်း အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။


ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဒုတိယအကြိမ် သံဃာတော်အပါး ၁၀၀၀ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူပွဲ အခမ်းအနားကို ရာပြည့်ကပ် ကျော်စေတီတော်မြတ်ကြီးနှင့် အရှေ့ဘက်ကန်သာယာတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး၊ တိုင်းဒေ သကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တပ်မတော် အရာရှိကြီးများ၏ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အလှူ ရှင်များနှင့် လုပ်ငန်းရှင်များက သံဃာတော်အပါး ၁၀၀၀ နှင့် သီလရှင်ဆရာလေးများအား ဆွမ်း ဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တာဝန်ရှိသူများက ဌာနဆိုင်ရာဝန်ထမ်းများ၊ အလှူရှင်များနှင့် လုပ်ငန်းရှင်များမှ ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ တစ်ပျော်တစ်ပါး လောင်းလှူနေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီး နုတ်ဆက်ခဲ့ကြသည်။

အဆိုပါ ဒုတိယအကြိမ် သံဃာတော်အပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်း အနားတွင် မုံရွာခရိုင်အတွင်းရှိ ချောင်းဦးမြို့နယ်၊ အရာတော်မြို့နယ်၊ ဘုတလင်မြို့နယ်၊ မုံရွာ မြို့နယ်တို့မှ ဘုန်းတော်ကြီးကျောင်းတိုက်ပေါင်း ၂၅၃ ကျောင်းနှင့် သီလရှင်ကျောင်းတိုက် ၄၀ ကျောင်းတို့ရှိ ဆရာတော်၊သံဃာတော်၊သီလရှင်များအား ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။

20231128 01

20231128 01

20231128 01

20231128 01

20231128 01

20231128 01

20231128 01

20231128 01

20231128 01

20231128 01

20231128 01

20231128 01

မုံရွာ နိုဝင်ဘာ ၂၅

ဘုရားဖူးလာရောက်ကြသည့် ဒေသခံပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် တရားဘာဝနာ ပွားများနိုင်စေရန်အတွက် သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်းနှင့် ရင်ပြင်တော် သန့်ရှင်းရေးလုပ်ငန်းကို နိုဝင်ဘာလ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာကန်ရှိ မြို့ရာပြည့်ကပ်ကျော်စေတီတော် ပတ်ဝန်းကျင်အတွင်း တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှဝန်ထမ်းများ၊ စည်ပင်သာယာရေး အဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမူရေးအသင်းအဖွဲ့များ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝနှ်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက်ဖွယ်ရာများဖြင့် ကျွေး မွေးဧည့်ခံခဲ့ကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၄ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေး အဖွဲ့များ စုစုပေါင်းအင်အား ၁၆၀၀ ဦးကျော်ဖြင့် အခြေခံပညာကျောင်းများနှင့် မြို့သန့်ရှင်းသာ ယာရေးလုပ်ငန်းများအား စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့အား မြို့အင်္ဂါရပ် နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် အနောက်ဘက်ကန်သာယာကန် အဆင့်မြှင့်တင်ရေး လုပ်ငန်းသို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့် နှင့် တာဝန်ရှိသူများက အနောက်ဘက်ကန်သာယာကန်ပတ်လမ်း အရှည် - ၅၅၀၀ ပေ၊ အကျယ် - ၁၈ ပေ နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်း၊ စတီးလက်ရန်းများတပ်ဆင်နေမှု၊ လျှပ်စစ်မီးတိုင်များတပ် ဆင်ခြင်း၊ ကန်ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများနှင့် မြေထိန်းနံရံလုပ်ငန်းများ ဆောင် ရွက်နေမှုအခြေအနေများအား လိုက်လံရှင်းလင်းပြသကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အနောက်ဘက်ကန်သာယာကန် အဆင့်မြှင့်တင် ခြင်းလုပ်ငန်းများအား သက်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးကောင်း မွန်စွာဖြင့်အချိန်မီ ပြီးစီးရေး၊ မြို့နေပြည်သူများ အားလပ်ရက်များတွင် စိတ်ပင်ပန်းမှုများဖြေ ဖျောက်စေနိုင်ရန် ကန်ပတ်ဝန်းကျင်အားသန့်ရှင်းသာယာလှပရေး၊ ကန်ပတ်ဝန်းကျင်အား အမြဲစိမ်းလန်းစိုပြည်ရေးနှင့် လုပ်ငန်း ခွင်အန္တရာယ်ကင်းရှင်းရေးတို့အား မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

0 02 06 c7cdacd5359d0c3cd23b7b2fc616afec44cfc87108dad7ca50503abef9828753 efb5c4ea93c0fe66

0 02 06 c7cdacd5359d0c3cd23b7b2fc616afec44cfc87108dad7ca50503abef9828753 efb5c4ea93c0fe66

 

 

 

မုံရွာ နိုဝင်ဘာ ၂၅

            စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃-ခုနှစ်၊ (၁၃၈၅-ခုနှစ်) စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို နိုဝင်ဘာလ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးဝင်း အတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။

            ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ် ကြပြီး မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ သာစံကျောင်းတိုက် ပဓာနနာယက သက်တော်ရှည် ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သက်များက ရှစ်ပါးသီလ ခံယူ ဆောက်တည်ကြသည်။

            ယင်းနောက် ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြင့်တော်မှုသော  ပရိတ် တရားတော်မြတ်အား နာယူကြည်ညိုပြီး ဆရာတော်၊ သံဃာတော်များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ကထိန်လျာမြတ်သင်္ကန်းနှင့် ဝတ္ထုငွေ များအား အသီးသီးဆက် ကပ်လှူဒါန်းကြသည်။

            ဆက်လက်ပြီး နိုင်ငံတော်သြဝါဒါစရိယ မုံရွှာမြို့၊ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်ကြီး၏ ဦးစီး ပဓာနနာယက၊ အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယ   ဆရာတော်ကြီးထံတော်မှ အနုမောဒနာ တရားနာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေး ဝေကာ အခမ်းအနားမှူးမှ ဆရာတော်ကြီးများ၏ မဲကျသောပဒေသာပင်စာရင်းအား ဖတ်ကြား လျှောက်ထားသည်။

            ထို့နောက် ဆရာတော်၊ သံဃာတော်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ် များက “ ဗုဒ္ဓသာသနံ စိရံ တိဌတု ” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်း ခဲ့ကြပြီး ဆရာတော်၊သဃာတော်များအား နေ့ဆွမ်းများဆက်ကပ် လှူဒါန်းခဲ့ကြသည်။

အဆိုပါ ၂၀၂၃-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာများ  စုပေါင်း၍ ပဒေသာပင် - ၅၀ ပင်၊ ဝတ္ထုငွေနှင့်ပစ္စည်းတန်ဘိုး စုစုပေါင်းတန်ဘိုးငွေကျပ် - ၄၂,၉၁၉,၆၅၀  (လေးရာနှစ်ဆယ်ကိုးသိန်း တစ်သောင်းကိုးထောင် ခြောက်ရာငါးဆယ်)ကျပ်အား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

            အလားတူ နိုဝင်ဘာလ ၂၄ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်း ဒေသကြီး /ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ စုပေါင်းလှူဒါန်းသည့် စုပေါင်းမဟာဘုံကထိန် ပဒေ သာပင် ၅၀ ပင်အား တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ စတင်ထွက်ခွာကာ မုံရွာမြို့အတွင်းရှိ ဗိုလ်ချုပ်လမ်း၊ ရုံးကြီးလမ်း၊ ကမ်းနားလမ်းများတွင် တစ်ပျော်တစ်ပါး ကထိန်လှည့်လည်ခဲ့ကြောင်း သိရသည်။

0 02 06 30a4cc246c6c6b4dd049069416d41a30db2135b77b25714c33940efb07cd644a 439ebf8ecf376ffd

0 02 06 9a8fddfdfa608537cca85b8ca1564e2164d5952ce4fca77d456f94de5777122f 85f2db03e11152b1

မုံရွာ ၊ နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မင်းကွန်းတောင်ရိုး၊ ကျေးဇူးတော်ရှင် မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီး၏ သက်တော်(၁၁၂)နှစ်ပြည့် မွေးနေ့ပူဇာ အထိမ်းအမှတ် အဖြစ် ကျင်းပပြုလုပ်သော (၅၆)ကြိမ်မြောက် ပရိယတ္တိသာသနာနုဂ္ဂဟ စာအောင်သံဃာဆု နှင်းသဘင် ပူဇော်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်ကြီး၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ဒေသခံပြည်သူများ တက် ရောက်ကြသည်။

ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ကြပြီး နိုင်ငံတော်သြဝါဒါစရိယ သီရီဇေကျောင်း၊ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရှစ်ပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် ဆရာတော်၊ သံဃာတော်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်အားနာ ယူကြည်ညိုပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အလှူငွေကျပ် ၃၈ သိန်းနှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေး ဆိုင်ရာများ လျှောက်ထားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး သံဃနာယက ဥက္ကဋ္ဌ၊ မင်းကွန်းတောင်ရိုး၊ နဂါးပတ်တောင် ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အနုမောဒနာတရား နာယူကြည်ညိုကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှ ပေးဝေကြသည်။

ဆက်လက်ပြီး (၅၆)ကြိမ်မြောက် ပရိယတ္တိသာသနာနုဂ္ဂဟ စာမေးပွဲတွင် အခြေပြုမူလတန်းအောင်နှင့် သာမဏေကျော်ပထမအဆင့် စာအောင်သံဃာတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စာအောင်လက်မှတ်များနှင့် ဝတ္ထုငွေများအား ဆက်ကပ်လှူဒါန်းပြီး “ ဗုဒ္ဓသာသနံ စိရံ တိဌတု ” သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြသည်။

ထို့နောက် ဆရာတော်၊သံဃာတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

20231121 06

20231121 07

20231121 08

20231121 09

မုံရွာ ၊ နိုဝင်ဘာ ၂၃

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းသားအားကစားပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး အသင်းအုပ်ချုပ်သူများထံ ထောက်ပံ့ငွေကျပ် သိန်း ၅၀ နှင့် အောင်နိုင်ရေးအလံအားပေးအပ်ပြီး တိုင်းဒေသကြီး အခြေခံပညာ ကျောင်းသားအားကစားပြိုင်ပွဲ အသင်းအုပ်ချုပ်သူမှ ပြိုင်ပွဲများဝင် ရောက်ယှဉ်ပြိုင်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက် ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ မင်္ဂလာစစ်ကိုင်း၊ ကျောက်မျက်ရတနာဈေးသို့ ရောက်ရှိရာ စစ်ကိုင်းမြို့၊ ပြည်သူများ၏ အလုပ် အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးသည့် MSMEs လုပ်ငန်းများမှ အဓိက ထုတ်ကုန်များ ဖြစ်သည့် ကျောက်စိမ်းပုတီး၊ လက်ကောက်၊ ဆွဲသီး၊ ဆွဲကြိုး၊ လက်ပတ်များအား ဈေးကြီး အတွင်းစည်ကားစွာဖြင့် ရောင်းချနေမှုများအား လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး လာရောက်ဝယ်ယူကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးခဲ့ကြသည်။

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၂၂ ရက်နေ့၊ ညနေပိုင်းတွင် စစ်ကိုင်းမြို့၊ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တိုင်းဒေသကြီးအဆင့် အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲ ဘော်လီဘောနှင့်စားပွဲတင်တင်းနစ် ယှဉ်ပြိုင်နေမှုများအား သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

20231121 01

20231121 02

20231121 03

20231121 04

20231121 05

သတင်း အချက်အလက်