မုံရွာ ဖေဖော်ဝါရီ ၁၇ ရက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်အတွင်းရှိကျေးရွာများ၌ NLD ပါတီ ထောက်ခံသူ အစွန်းရောက်အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့ခြိမ်း ခြောက်လူသတ်မှု၊ မိုင်းထောင်ဖောက်ခွဲမှု၊ မီးရှို့မှုများကြောင့် ထွက်ပြေးတိမ်း ရှောင်နေကြရပြီး မိမိတို့၏အသက်အိုးအိမ်စည်းစိမ် လုံခြုံစိတ်ချရသည့်နေရာများတွင် ခေတ္တနေထိုင်နေကြရသူများအား နေထိုင်စားသောက်မှုအဆင်ပြေစေရန်နှင့် ၎င်းတို့၏ ဒေသများတွင် ပြန်လည်တည်ထောင်နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်တာ ဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ နှင့်အင်မထီးကျေးရွာ များမှ NLD ပါတီထောက်ခံသူ အစွန်းရောက်အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့များ၏ဥပဒေမဲ့ခြိမ်းခြောက်လူသတ်မှု၊ မိုင်းထောင်ဖောက်ခွဲမှု၊ မီးရှို့ဖျက်ဆီးမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသော ဒေသခံပြည်သူများအား လုံခြုံစိတ်ချရသည့်နေရာများတွင် ပြန်လည် ခေါ်ယူစုစည်း၍ လုံခြုံရေးနှင့်နေထိုင်စား သောက်နိုင်ရေးစီစဉ်ပေးခဲ့ပြီး ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ပြီး တာဝန်ရှိသူများ နှင့်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ NLD ပါတီထောက်ခံသူ အစွန်းရောက်အကြမ်းဖတ်အဖွဲ့နှင့် PDF အကြမ်းဖတ်အဖွဲ့များ၏ မီးရှိုဖျက်ဆီးမှုများကြောင့် ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ၊ အိမ်ထောင်စုများအတွက် ငွေကျပ်(၉၃)သိန်း၊ ဆန်အိတ်(၃၁) အိတ်နှင့် ဆီ(၃၁၀)ပိဿ၊ သေဆုံးသူများအတွက် ငွေကျပ်(၁၀)သိန်းနှုန်းဖြင့် (၄)ဦးအတွက် သိန်း(၄၀)နှင့် အနောက် မြောက်တိုင်းစစ်ဌာနချုပ်မှ ငါးခြောက်များ၊ အဝတ်အထည်များ၊ စားသောက်ဖွယ်ရာများ၊ လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ထောင်စုများအတွက် တစ်အိမ်(၂)သိန်းကျပ်နှုန်းဖြင့် အိမ်ထောင်စု(၃၁) အိမ်ထောင်စုအတွက် စုစုပေါင်းငွေကျပ် (၇၇၆၀၀၀၀- ခုနှစ်ဆယ့်ခုနှစ်သိန်းခြောက်သောင်း)နှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး အင်မထီးကျေးရွာအတွက် တိုင်းဒေသအစိုးရအဖွဲ့မှ ငွေကျပ် (၄၀၇)သိန်း၊ သေဆုံးသူများအတွက် ငွေကျပ်(၁၀)သိန်းနှုန်းဖြင့် (၂)ဦးအတွက် သိန်း(၂၀) နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စားသောက်ဖွယ်ရာများနှင့် အဝက် အထည်များ၊ လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ထောင်စုများအတွက် တစ်အိမ်(၂)သိန်းကျပ် နှုန်းဖြင့် အိမ်ထောင်စု (၂၁၉) အိမ်ထောင်စုအတွက် စုစုပေါင်း ငွေကျပ်(၄၄၁.၅)တို့အား ပေး အပ်ခဲ့ကြောင်း သတင်းရရှိသည်။

မုံရွာ ဖေဖော်ဝါရီ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီအစည်းအဝေး (၂/၂၀၂၂)ကို ဖေဖော်ဝါရီလ (၁၆)ရက်၊ မွန်းလွဲ(၁)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီဥက္ကဌ၊     တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခင်အစည်းအဝေးတွင် ကျွန်တော်တို့ကော်မတီမှ စစ်ကိုင်းမြို့၊ တင်းတိပ် ကျေးရွာအုပ်စုတွင် အဝတ်အထည် ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းတစ်ခုကို ကော်မတီကအတည်ပြုမိန့်ပေးခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၅၀၀ကျော်ကို ဖန်တီးပေးနိုင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ဓါတ်မြေသြဇာထုတ်လုပ်တဲ့ လုပ်ငန်းရှင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းနှင့် ဆက်စပ်တဲ့လုပ်ငန်းရှင်များ၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းလုပ်ငန်းရှင်များကိုလည်း ဖိတ်ကြားထားပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး လုပ်ငန်းကဏ္ဍကလည်း ဦးစားပေးကဏ္ဍမှာပါဝင်တဲ့အတွက် အဖွဲ့ဝင်များအနေနဲ့လည်း လိုအပ်တဲ့အကူအညီများကို ဝိုင်းဝန်းဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြား ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက စစ်ကိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ဆောင်ရွက်လျှက်ရှိသည့် Dehong Technology (Sagaing) Co,Ltd က Jinxin Technology (SagaingCo,Ltd )သို့ ကုမ္ပဏီအမည်ပြောင်းလဲပြင်ဆင်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့် Snacks Mandalay Co,Ltd က မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ဥပဒေနှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နှမ်းနှင့်ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တင်ပြလာခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဝင်းက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဇန်နဝါရီလအတွင်း ကွင်းဆင်းဝန် ဆောင်မှုပေးခဲ့မှုများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းလွင်က တိုင်းဒေသကြီး ဗဟိုကော်မတီထံသို့ ရင်းနှီးမြုပ်နှံမည့် ကုမ္ပဏီများအနေဖြင့် မြေလွတ်မြေရိုင်းလျှောက်ထားမှု လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက မြေလွတ်မြေရိုင်း စိုက်ပျိုးရာတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍လည်းကာင်း၊ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက ရင်းနှီးမြုပ်နှံမည့်ကုမ္ပဏီများ လုပ်ငန်းများဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း အသီးသီးဆွေးနွေး တင်ပြကြသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြော ကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်း၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဖေဖော်ဝါရီလ(၁၁)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတက္ကသိုလ်တွင် ကျင်းပပြုလုပ်သော (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် အဆင့်မြင့်ပညာဦးစီးဌာန တိုင်းဒေသကြီးအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းတက္ကသိုလ် ပါမောက္ခချုပ်မှ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီး များနှင့် တာဝန်ရှိသူများက စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိကြသူများ ဆုတံဆိပ်နှင့် ငွေသားဆုများအား အသီးသီးပေးအပ်ချီးမြှင့်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် REVA Co,Ltd မှတာဝန်ယူ တည်ဆောက်နေသော စစ်ကိုင်းမြို့၊ နှစ်(၇၀၀)ပြည့် ပြည်သူ့အား ကစားကွင်းအား အဆင့်မြှင့်တင်နေမှုအား တာဝန်ခံအင်ဂျင်နီယာက လိုက်လံရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများအား သက်မှတ် စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ကာ အချိန်မီပြီးစီးရေးနှင့် အရည်အသွေးကောင်းမွန်ရေးတို့ကို မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ပြည်သူ့အားကစားကွင်း အဆင့်မြှင့်တင် တည်ဆောက်နေမှုအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၁၀

          စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီးကျော်ထွန်း၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျှက် ဖေဖော်ဝါရီလ (၉)ရက်နေ့ နံနက်ပိုင်းတွင် ကောလင်းခရိုင်၊ ပင်ဘည်ဘူးမြို့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေး ခန်းမတွင် မြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမူရေးအသင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ဝန်ထမ်းများအနေဖြင့် မိမိတို့၏လုပ်ငန်းတာဝန်များကို သစ္စာရှိပြီးစည်းလုံးစွာဖြင့် ကျေပွန် အောင်ထမ်းဆောင်နေကြသည့်အတွက် အသိအမှတ်ပြုဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ လူမူမီဒီယာများတွင် ဝန်ထမ်းများနှင့် ပြည်သူများအား အကြောက်တရားဖြစ်ပေါ်လာအောင် ခြိမ်းခြောက်ကာ မဟုတ်မမှန် ပြောဆိုနေမှုများနှင့်၊ လုပ်ဆောင်နေမှုများကို ယုံကြည်လိုက်နာစရာ မလိုပါကြောင်း၊ လုံခြုံရေးအသိသတိတို့ဖြင့် နေထိုင်သွားလာကြရန်နှင့် လုံခြုံရေး၊တည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေး ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင် ဆောင်ရွက်နေမှုအခြေအနေများအား ပြော ကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ ပင်လည်ဘူးမြို့နယ် အတွင်းရှိ မြို့နယ်/ကျေးရွာများတွင် ဆောင်ရွက်ပေးလျှက်ရှိသော ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေး၊  ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင် ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းပြောကြားပြီး ပင်ဘည်ဘူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက ပင်လည်ဘူးမြို့နယ်၏ ဒေသဆိုင်ရာအချက် အလက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဌာနဆိုင်ရာဝန်ထမ်းများ အတွက် ငွေကျပ်- ၁၀ သိန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ထံသို့လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအတွက် ငွေကျပ်-၁၀ သိန်းအား မြို့နယ်ရဲတပ်ဖွဲ့မှူးထံ ပေးအပ်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြို့နယ်တာဝန်ရှိသူများထံ စားသောက်ဖွယ်ရာများ၊ အာလူးနှင့်ကြက်သွန်နီများ အသီးသီးပေးအပ်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိဂုံးချုပ်စကား ပြောကြားကာ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ကောလင်းခရိုင်၊ ကောလင်းမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမူရေးအသင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများမှ ကောလင်းခရိုင်/မြို့နယ်အတွင်းရှိ မြို့နယ်/ကျေးရွာများတွင် ဆောင် ရွက်ပေးလျှက်ရှိသော ဒေသဖွံ့ဖြိုးရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းပြောကြားပြီး ကောလင်းခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌက ကောလင်းခရိုင်အတွင်းရှိ မြို့နယ်များ၏ ဒေသဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဌာနဆိုင်ရာဝန်ထမ်းများ အတွက် ငွေကျပ်- ၁၀ သိန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ထံသို့လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်နေများအတွက် ငွေကျပ် - ၁၀ သိန်းအား မြို့နယ်ရဲတပ်ဖွဲ့မှူးထံ ပေးအပ်ကာ တိုင်းဒေသကြီး ဝန်ကြိးချုပ်နှင့် တာဝန်ရှိသူများက ပန်းခင်းစီမံချက်အရ ဒေသခံ ပြည်သူများအား နိုင်ငံသားစီစစ်ရေးကတ်ပြားများနှင့် မြို့နယ်တာဝန်ရှိသူများထံ စားသောက် ဖွယ်ရာများ၊ အားလူးနှင့်ကြက်သွန်နီများ အသီးသီး ပေးအပ်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိဂုံးချုပ်စကား ပြောကြားကာ တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာ သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးပြီး အခမ်းအနား ကို ရုပ်သိမ်းခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် ဝန်းသိုမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမူရေးအသင်းအဖွဲ့ဝင်များနှင့်  တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဌာနဆိုင်ရာဝန်ထမ်းများ အတွက် ငွေကျပ်- ၅ သိန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ထံသို့လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်နေများအတွက် ငွေကျပ် - ၅ သိန်းအား မြို့နယ်ရဲတပ်ဖွဲ့မှူးထံ ပေးအပ်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြို့နယ်တာဝန်ရှိသူများထံ စားသောက်ဖွယ်ရာများ၊ အားလူးနှင့်ကြက်သွန်နီများ အသီးသီး ပေးအပ်ကြပြီး တိုင်းဒေ သကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိဂုံးချုပ်စကား ပြောကြားကာ တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၉

စစ်ကိုင်းတိုင်းဒေသကြီး (၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီလ (၈)ရက်၊မွန်းလွဲပိုင်းကတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာအစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ (၇၅)နှစ်မြောက်၊ စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ကော်မတီဝင်များ၊ တာဝန်ရှိသူများတက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရေးတာဝန်ရှိသူများက အလေးထားဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း၊ အခမ်းအနားများ ကျင်းပရာတွင် လုံခြုံရေးသတိရှိကြရန်မှာကြား လိုပါကြောင်း၊ တာဝန်ရှိသူအားလုံးအနေဖြင့် စိတ်တူကိုယ်တူဖြင့် လုပ်ဆောင်မှသာ အောင်မြင်မှုရရှိမည်ကို သိရှိနားလည်ပါကြောင်း၊တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ အသီးသီးရှိ ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ကော်မတီများအသီးသီးအလိုက် အင်ပြည့် အားပြည့် ဆောင်ရွက်ကြရန် မှာကြားလို ပါကြောင်း ပြောကြားပြီး (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေးကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးအေးလိူင်က (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး အတွက်ကော်မတီအသီးသီးမှ တာဝန်ရှိသူများများက မိမိတို့ တာဝန်ယူ ဆောင်ရွက်နေသော လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြ ကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများမှ လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ကော်မတီအသီးသီးမှ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင် ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ညနေ(၄) နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော တိုင်းဒေသကြီး စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)သို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည် အသွေးပြည့်ဝရေး ကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဗဟိုစာရင်းအင်းအဖွဲ့ တိုင်းဒေ သကြီးတာဝန်ခံမှ စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့်အရည်အသွေးပြည့်၀ရေးဆိုင်ရာအချက်အလက်များနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးစာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့်အရည်အသွေးပြည့်ဝရေးကော်မတီအဖွဲ့ဝင်များက လုပ်ငန်းများနှင့်ပတ်သက်၍ အထွေထွေဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က အသီးသီးဆွေးနွေးတင်ပြချက်များ အပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၈

(၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိကတ္တရာလမ်း(၁)လမ်း၊ကွန်ကရစ်လမ်း(၉)လမ်း၊ ကွန်ကရစ်တံတား(၁၁)စင်း ဖွင့်ပွဲအခမ်း အနားကို ဖေဖော်ဝါရီလ (၈)ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါလမ်းဖွင့်ပွဲ မုခ်ဦးရှေ့တွင်ကျင်းပရာအခမ်းအနားသို့  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က မုံရွာမြို့၏လူဦးရေကိုကြည့်မည်ဆိုပါက ကျေးလက်နေလူဦးရေထက်မြို့ပြလူဦးရေကပိုမိုများပြားတာကိုတွေ့ရမှာဖြစ်ပါကြောင်း၊ဒါကြောင့် မုံရွာမြို့ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာလှပရေးလုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်ပေးရန် လိုအပ်တာကိုလည်းတွေ့ရမှာဖြစ်ပါကြောင်း၊ ကျွန်တော်တို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကျေးလက်နှင့်မြို့ပြကွာဟမှုနည်းပါးစေရေးနှင့် အချိုးညီညီဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းတစ်တိုင်းလုံးမှသည် တစ်နိုင်ငံလုံးအေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်သစ်တစ်ရပ်ထူထောင်နိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများအပါအဝင် ပြည်သူတစ်ရပ်လုံးက ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လက်တွဲညီညီပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်းပြောကြားပြီး မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အမှုဆောင်အရာရှိ ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းက နန္ဒဝန်ရပ်ကွက်ရှိ ကတ္တရာလမ်း - ၁ လမ်း၊ ကွန်ကရစ် လမ်း - ၉ လမ်း၊ ကွန်ကရစ်တံတား - ၁၁ စင်း ခင်းခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွန်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်တင်မိုးတို့က နန္ဒဝန်ရပ်ကွက်ရှိ ကတ္တရာလမ်း - ၁ လမ်း၊ ကွန်ကရစ်လမ်း - ၉ လမ်း၊ ကွန်ကရစ်တံတား -၁၁ စင်းတို့အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက အဆို ပါမုခ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ နန္ဒဝန်ရပ်ကွက်ရှိ ကတ္တရာလမ်း - ၁ လမ်း၊ ကွန်ကရစ်လမ်း- ၉ လမ်း၊ ကွန်ကရစ်တံတား - ၁၁ စင်းတို့အား ကြည့်ရှုစစ်ဆေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့ဖွင့်သည့် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်အတွင်းရှိ ကတ္တရာလမ်း - ၁ လမ်း အရှည်၊ ၁၈၈၀ ပေ၊ အကျယ် - ၁၆ ပေ၊ ကွန်ကရစ်လမ်း - ၉ လမ်း စုစုပေါင်းလမ်းအရှည် - ၉၀၆၀ ပေ၊ အကျယ် - ၁၆ ပေ၊ ၉ လက်မထု  ကွန်ကရစ်လမ်းများ ဖြစ်ပြီး၊ ရေစီးရေလာကောင်းမွန်ရေးအတွက်  အကျယ် - ၃၀ ပေ၊ အနံ - ၄ ပေ၊ အမြင့်- ၄ ပေရှိ ကွန်ကရစ်တံတား - ၁၁ စင်းတို့အား ဖွင့်လှစ်ခြင်းဖြစ်ပြီး ဌာနဆိုင်ရာရုံးပေါင်း - ၄၇ ရုံးနှင့် ဝန်ထမ်းအိမ်ရာများ၊ ရပ်ကွက်နေ ပြည်သူစုစုပေါင်း - (၂၂၂၂၉၅) ဦးအား အကျိုးများစွာပြုမည့် လမ်းဖြစ်ကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် (၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နန္ဒဝန်၊ ဝန်ထမ်း အိမ်ရာအတွင်းရှိ (၁၀၀၀)လီတာဆံ့ ရေသန့်စက်ရုံ(၃)ရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်ဦးက ရေသန့်စက်ရုံ (၃)ရုံ အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်း၊ တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖံွ့ဖြိုးရေး ဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်ဦးတို့က ရေသန့်စက်ရုံ (၃)ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ရေသန်စက်ရုံ အမှတ်(၁-၂-၃)တို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါ နန္ဒဝန်၊ ဝန်ထမ်းအိမ်ရာအတွင်းရှိ ရေသန့်စက်ရုံ အမှတ်(၁-၂-၃)တို့သည် ဝန်ထမ်းမိသားစု စုစုပေါင်း(၆၄၈)ဦးနှင့် လူပျို/အပျို (၃၅၆)ဦးတို့အတွက် စက်ရုံ(၁)ရုံလျှင် (၁)နာရီ (၃၀၀)လီတာ၊ ရေသန့်ဘူးကြီး (၁၅၀)လုံး ဖြန့်ဝေနိုင်မှာဖြစ်ပြီး ဝန်ထမ်းအိမ်ရာဝင်း တစ်ခုလုံး (၁)ရက်လျှင် ရေသန့်ဘူးကြီး (၄၅၀)လုံး အသုံးပြုနိုင်မှာဖြစ်ကြောင်း သိရသည်။

အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ (၇)ရက်နေ့ မွန်းလွဲပိုင်းတွင် မုံရွာခရိုင်၊ ဘုတလင်မြို့၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး မဟာဗန္ဓုလ အစည်းအဝေးခန်းမတွင် ကျင်းပသော မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ နှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှုများ၊ လူမူမိဒိယာများတွင် ဝန်ထမ်းများနှင့် ပတ်သက်၍ မဟုတ်မမှန်ပြောဆိုနေမှုများ၊ အကြောက်တရားဖြစ်ပေါ်အောင် ခြိမ်းခြောက်လုပ်ဆောင်နေမှုများ၊ မိမိလုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေမှု အခြေအနေများကို ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများမှ ဘုတလင်မြို့နယ်အတွင်းရှိ မြို့နယ်/ကျေးရွာများတွင် ဆောင်ရွက်ပေးလျှက်ရှိသော ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် စိုက်ပျိုးမွေးမြူရေး၊ မြို့သန့်ရှင်းသပ်ရပ်သာယာရေး ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းပြောကြားပြီး ဘုတလင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက ဘုတလင်မြို့နယ်၏ ဒေသဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဌာနဆိုင်ရာဝန်ထမ်းများ အတွက် ငွေကျပ်- ၅ သိန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌထံသို့လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်တို့က ပန်းခင်းစီမံချက် အရ ဆောင်ရွက်ပေးလျက်ရှိသော နိုင်ငံသားစီစစ်ရေးကတ်ပြားများအား ဒေသခံပြည်သူများထံ ပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက လုံခြုံရေးလပ်ငန်းများ ဆောင်ရွက်နေများအတွက် ငွေကျပ် - ၅ သိန်းအား မြို့နယ်ရဲတပ်ဖွဲ့မှူးထံ ပေးအပ်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိဂုံးချုပ်စကား ပြောကြားကာ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် ဘုတလင်မြို့၊ ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးပြီး ကာကွယ်ဆေးများ ရာနှုန်းပြည့်အောင်မြင်အောင်ထိုးနှံနိုင်ရေး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဘုတလင်မြို့၊ ကြောင်ပန်းတောရကျောင်းတိုက်၊ ဆရာတော်ကြီးထံ ဝတ္တုငွေ၊ လှူဘွယ် ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ပဲ၊ ဆားတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သာသနာရေး ဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သတင်းရရှိသည်။

သတင်း အချက်အလက်